အပိုင်း ၄၂

764 67 0
                                    

အခန်း ( ၄၂ ) မဟာနတ်ဘုရားသိုင်းငါးမျိုး၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အာရုံနိုးထရန် အခွင့်အရေး၊ လက်မှတ်ထိုးဝင်ရမည့် တည်နေရာအသစ်

ကျွင်းရှောင်ယောက်ဟာ နတ်ဘုရားသတ်ဓားသိုင်းကို လုံးဝ မမေ့ပေ။

၎င်းဓားချက်ဟာ သက်ရှိများစွာ၏ ကျဆုံးခြင်းအား ပြသနေသကဲ့သို့ပင် ဖြစ်သည်။

ဘိုးဘေးနဂါးသိုက်မှ အဓိပဓိတစ်ပိုင်း ကျွမ်းကျင်သူပင် ဓားသုံးချက်တည်းနှင့် အသတ်ခံရ၏။

ယင်းက ဘိုးဘေးဆယ့်ရှစ်၏ ခွန်အားကြောင့်ဖြစ်သော်လည်း အင်မော်တယ်သတ်ဓားသိုင်း၏ စွမ်းအားကို မေ့ထား၍ မရပေ။

ဘိုးဆယ့်ရှစ်က ပြုံးလျက် ပြောလိုက်သည်။
"ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်‌မြေမှာ မရေတွက်နိုင်တဲ့ ဓားသိုင်းတွေ ရှိကြတယ်... ဒါပေမဲ့ ထိပ်ဆုံးမှာ ရှိနေတာကတော့ ငါးခုပဲ ရှိတယ်..။ ငါတို့ ကျွင်းမိသားစုရဲ့ အင်မော်တယ်ဓားသိုင်းက ဒီလို ဓားသိုင်းတစ်မျိုးပဲ"

"မဟာနတ်ဘုရားသိုင်းပညာ ငါးမျိုး"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်၏။

အင်မော်တယ်သတ်ဓားသိုင်းက အစွမ်းထက်မှန်း သူသိသော်လည်း ဤမျှ အဆင့်မည်ဟု ထင်မထားခဲ့ပါချေ။

ကျွင်းရှောင်ယောက် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
"ဒီအင်မော်တယ်သတ်ဓားသိုင်းကို သိုင်းမျှော်စင်မှာ ရှာမတွေ့ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး"

"အင်း... ဒါက ပုံမှန်ပါပဲ..၊ ဒီဓားသိုင်းဟာ သင်ယူဖို့အတွက် အရမ်းခက်ခဲတယ်..။ သာမန်လူတစ်ယောက်ဆိုရင် ဒါကိုသင်ဖို့ ဆယ်စုနှစ်ကြာနိုင်တယ်..။ အဲတာကြောင့် ဒါက အချိန်ဖြုန်းတာပဲဖြစ်မှ... လုံးဝ မတန်ဘူး"
ဘိုးဘေးဆယ့်ရှစ်က ရှင်းပြလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ဤအချက်ကို သဘောတူ၏။

သာမန်ပါရမီနှင့် အင်မော်တယ်သတ်ဓားသိုင်းကို လေ့ကျင့်ခြင်းက အချိန်ဖြုန်းရုံသက်သက်ပင်။

သို့သော်... ကျွင်းရှောင်ယောက်က သာမန်လူတစ်ယောက် မဟုတ်ပါချေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now