အပိုင်း ၃၉၁ မှ ၃၉၅

504 58 0
                                    

အခန်း ( ၃၉၁ ) ရှန်းကုတာအိုရေကန်၊ လုံအိုထျန်း၏ ဟာရမ်အိမ်မက်၊ ပိုင်မေအာ စိတ်ပျက်အားငယ်ခြင်း။

ရှန်းကုကမ္ဘာတွင် အမှန်တကယ် ရှေးဟောင်းမျိုးနွယ်ဖြစ်သော ဒေသခံ မျိုးနွယ်စုများရှိကြောင်း ကျွင်းရှောင်ယောက် သိသည်။

ဤရှေးဟောင်းမျိုးနွယ်များက ရှန်းကုကမ္ဘာတွင် အမြဲနေထိုင်ခဲ့ကြ၏။

သို့ရာတွင် ရှန်းကုကမ္ဘာ၏ အထူးစည်းမျဉ်းများကြောင့် ထိုရှေးဟောင်းမျိုးနွယ်များသည် ၎င်းတို့၏ဒေသကို မစွန့်ခွာနိုင်ပေ။

သို့သော်လည်း ရှေးဟောင်းမျိုးနွယ်များ၏ ပါရမီရှင်အချို့က ပြင်ပကမ္ဘာရှိ အင်မော်တယ်အင်အားစုများ၏ မျိုးဆက်များထက် များစွာပို၍ အစွမ်းထက်ကြသည်။

ထို့ပြင် ရှေးဟောင်းမျိုးနွယ်များ၏ ပါရမီရှင်များက ရှန်းကုကမ္ဘာ၏ စည်းမျဉ်းများနှင့်အညီ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ကြသည်။

"ဒါထက် ကျွင်းမိသားစုရဲ့ စီကွမ်တွေလည်း ရှန်းကုတာအိုရေကန်မှာ ရှိနေတယ်လို့ ကျုပ်ကြားတယ်"
လဲ့မင်ယွမ်က ဆိုသည်။

"တကယ်လား၊ ဒါဆိုရင် ငါတို့ သွားကြည့်သင့်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
   
ထိုစကားကိုကြားသောအခါ ဝမ်းသာမှုများက လဲ့မင်ယွမ် မျက်လုံးများတွင် ပေါ်လာသည်။

ရှန်းကုတာအိုရေကန်သည် သူ အမြဲသွားချင်သည့် နေရာဖြစ်သော်လည်း သွားရန် အရည်အချင်းမရှိခဲ့ပေ။

အကယ်၍ ကျွင်းရှောင်ယောက်နှင့် သွားမည်ဆိုလျှင် အသားမစားရင်တောင် အရည်သောက်ရပေဦးမည်။

'အရမ်းတန်တယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နောက်ကို လိုက်ရတာက ငါ့အတွက် ပညာအရှိဆုံး ရွေးချယ်မှုပဲ'
လဲ့မင်ယွမ်လည်း သူ့စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်ပြီး ကျွင်းရှောင်ယောက်ကို လမ်းပြရန်နှင့် အစေခံဖြစ်ရန်ကို ပို၍ပင် စိတ်ပိုင်းဖြတ်လာတော့သည်။
   
သူဌေးက အသားစားပြီး သူက စွပ်ပြုတ်သောက်ရနိုင်သည်၊ ဤသို့ဖြင့် ငွေရှာရ ပို၍ လွယ်ကူပေလိမ့်မည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now