၄၇၆ - ၄၈၀

457 58 1
                                    

အခန်း ( ၄၇၆ ) ကြေးအင်မော်တယ်နန်းတော်မှ လျှို့ဝှက်ဆန်းကြယ်သောတည်ရှိမှုများ၊ ရှန်းကုကမ္ဘာ ပိတ်တော့မယ်။

နန်းတော်အတွင်းတွင် နေတစ်စင်းကဲ့သို့ အဖြူရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

ယင်းက ကြေးနန်းတော်ထဲသို့ ဖိနှိပ်ခံခဲ့ရသော ရှန်းကုဝိညာဉ် ဖြစ်ပေသည်။

ရှန်းကုဝိညာဉ်က အနှိုင်းမဲ့ကြီးမားသော စိတ်ဝိညာဉ်အတက်အကျများကို ထုတ်လွှတ်နေသည်။

လေထဲတွင် မျက်ကန်းအဘိုးကြီး၏အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"ဒီရှန်းကုဝိညာဉ်ကို သန့်စင်နိုင်ရင် ငါ့ရဲ့ ရှေးဦးဝိဉာဉ်လမ်းက ပိုမြင့်မားတဲ့အဆင့်ကို ရောက်သွားလိမ့်မယ်"

"တော်လောက်ပြီ မျက်ကန်းအဘိုးကြီး၊ သခင်က ငါတို့ကို ကြေးအင်မော်တယ်နန်းတော်မှာ နှစ်ပေါင်းမရေတွက်နိုင်အောင် ကြာတဲ့အထိ ငါတို့ကို စောင့်ခိုင်းထားတာ။ အခု ကံကြမ္မာ ရောက်လာတော့လည်း နင်က သူ့ကို သတ်မိလုနီးပဲ"
ချစ်စဖွယ် မိန်းကလေးအသံက ပြစ်တင်ပြောဆိုလိုက်သည်။

"ကံကောင်းထောက်မလို့ သူ သေမသွားဘူး၊ မဟုတ်ရင် ငါတို့ အမှားကြီးမှားသွားလိမ့်မယ်"
ဒုက္ခိတက ပြောလိုက်၏။

ရှန်းကုဝိညာဉ်က အရာအားလုံး၏မိခင်ချီထဲသို့ ဝင်ရောက်သွားရာ ကျွင်းရှောင်ယောက်၏ မီးပွားလေးနှင့်တူသော ရှေးဦးဝိညာဉ်မှ တဖြည်းဖြည်း စုပ်ယူသွားတော့သည်။

"ဟင်၊ ဒီလူငယ်လေးရဲ့ ဝိညာဉ်က ဒဏ္ဍာရီလာ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ပဲ"
မျက်ကန်းအဘိုးကြီး အလွန်အံ့သြသွားသည်။

"စိတ်ဝင်စားစရာပဲ၊ နောင်မှာ ဒီကောင်လေးရဲ့ ရှေးဦးဝိညာဉ်တာအိုက မင်းထက် ပိုပြီးသန်မာလာလိမ့်မယ်"
ဘဲအသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်း ကြက်တူရွေးကောင်၊ ဘာတွေ လျှောက်ပြောနေတာလဲ။ ဒီအဘိုးကြီးရဲ့ စိတ်ဝိဥာဉ်လမ်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေမှာ အထွတ်အထိပ်ကို ရောက်နေပြီ"
မျက်ကန်းအဘိုးကြီးက ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now