၄၃၆ - ၄၄၀

490 46 0
                                    

အခန်း ( ၄၃၆ ) ဝမ့်ထန့် ဒေါသဖြစ်သွားခြင်း၊ ဘုရင်သတ်အစီစဉ်၊ ထျန်းချန်တော်ဝင်မိသားစု။

ဝမ့်ထန့် ထုတ်ယူလိုက်သော ကျောက်စိမ်းစလစ်မှာ ရှေးဟောင်းတာအိုရစ်သမ်များ ပြည့်နှက်နေပြီး လူများကို နိမ့်ကျသကဲ့သို့ ဖြစ်စေသည်။

ကျန်းစန်းယီ၏ အရောင်ပြောင်းသွားသော မျက်လုံးများကို မြင်ရသောအခါ ဝမ့်ထန့်က ပြုံးပြီး ဆက်ပြောလိုက်လေသည်။
"ဒါကို အခွင့်အလမ်းတစ်ခုကနေ အမှတ်တမဲ့ ရလာခဲ့တာပါ။ ဒီမှာ ကောင်းကင်အသျှင်တစ်ပါးရဲ့ ဉာဏ်အလင်းကို မှတ်တမ်းတင်ထားတယ်"

"မင်းမှာ သန္ဓောစွမ်းအင် တာအိုသန္ဓေခန္ဓာရှိတယ်။ ​​ဒီလို ထိုးထွင်းသိမြင်မှုမျိုးက မင်းအတွက် အလိုအပ်ဆုံးမို့ သတိတရနဲ့ လာပေးချင်ခဲ့တာပါ"
ဝမ့်ထန့်က နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။

အမှန်အတိုင်းပြောရလျှင် လက်ရှိ ဝမ့်ထန့်၏ လှုပ်ရှားမှုက မည်သည့်အမျိုးသမီးမဆို စိတ်လှုပ်ရှားစေမည် ဖြစ်သည်။

ထို့ပြင် ဝမ့်ထန့်၏ အဆင့်အတန်းအရ မည့်သည့်မိန်းကလေးကိုမဆို ဤမျှပိုးပန်းနေရန် မလိုပေ။

သူ ဤမျှလှုပ်ရှားခြင်းမျိုးက အလွန်ပင် ရှားသည်။

"မဟာကောင်းကင်အသျှင်ရဲ့ ဉာဏ်အလင်းလား"
ကျန်းစန်းယီ၏ လှပသော မျက်လုံးများလည်း အနည်းငယ် လှုပ်ရှားသွားလေသည်။

ယင်းက သာမာန် ဉာဏ်အလင်းမဟုတ်ဘဲ မဟာကောင်းကင်အသျှင်၏ ဉာဏ်အလင်း ဖြစ်သည်။

အဓိပဓိခုနစ်ဆင့်တွင် မဟာကောင်းကင်အသျှင်က အဆင့်လေးတွင် ရှိသည်။

ဤအဆင့်မှ တန်ခိုးရှင်တစ်ဦး၏ တာအိုဉာဏ်အလင်းက မည်မျှ အဖိုးတန်သည်ဟု စိတ်ကူးကြည့်ရန်ပင် မလွယ်‌ပေ။

ကျန်းစန်းယီကို လိုက်နိုင်စေရန်အတွက် ဝမ့်ထန့်က အကောင်းဆုံး ကြိုးစားနေကြောင်း ထင်ရှားသည်။

"ယူပါ၊ ဒါက မင်းလိုအပ်တာဘဲ"
ဝမ့်ထန့်က ပြုံးပြီး ပြောလိုက်သည်။

ကျန်းစန်းယီက အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။
"နင်က သန္ဓောစွမ်းအင်တာအိုခန္ဓာကို စိတ်ကူးယဉ်နေတာပဲ"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now