အပိုင်း ၃၂၆ မှ ၃၃၀

491 57 2
                                    

အခန်း ( ၃၂၆ ) ကျွင်းရှောင်ယောက်က ကြွေလွင့်ငှက်မွှေးမျိုးနွယ်ကို ရင်ဆိုင်လိုသည်၊ စန်းညီအမ ဆွဲဆောင်ခံရခြင်း၊ ကြွေလွင့်ငှက်မွှေးမြင့်မြတ်သားတော်၏ ဒေါသ။

ဤနယ်မြေတွင် ကြွေလွင့်ငှက်မွေးမျိုးနွယ်က ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာ ပြောနေစရာပင် လိုမည်မထင်။
   
၎င်းတို့က ယင်မင်နယ်မြေ၏ ဧကရာဇ် ဖြစ်သည်။
   
‌ကြွေလွင့်ငှက်မွေးမျိုးနွယ်၏ သင်္ချိုင်းဧကရာဇ်က ယင်မင်နယ်မြေသခင်ဖြစ်ကာ အဓိက အုပ်ချုပ်သူဆိုရင်လည်း မမှားပေ။

ထို့ကြောင့် ယင်မင်နယ်မြေတွင် ကြွေလွင့်ငှက်မွေးမျိုးနွယ်ကို ရန်စဝံ့သူ မရှိဘူးဟုပင် ဆိုနိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ထိုသို့လုပ်ခဲ့ပြီ။

ထို့ပြင် သူက အင်အားစုပင်မဟုတ်ဘဲ တစ်ယောက်တည်း ဖြစ်သည်။
   
ထို့ထက် သူသည် သုဿာန်သတ္တဝါတစ်ကောင်မဟုတ်ဘဲ အပြင်လူတစ်ယောက် ဖြစ်နေသည်။

ကျွင်းရှောင်ယောက်၏ သဘောထားက သုဿာန်သတ္တဝါများကြားတွင် နိုးထလာပြီး ပုရွက်ဆိတ်များကဲ့သို့ လိုက်သတ်နိုင်သော နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်သည်။

ယင်းက တကယ်ကို မယုံနိုင်စရာပင်။

"ဒီအပြင်လူသားမျိုးနွယ်ဝင်က စိတ်ဓာတ်ပဲဖြစ်ဖြစ်၊ ယုံကြည်မှုအတော်ရှိပုံရတယ်"

ယုံကြည်မှု၊ သူ့မှာ ဘယ်လိုယုံကြည်မှုမျိုးရှိမှာလဲ။ သူက အင်မော်တယ်နယ်မြေကြီးရဲ့ အင်မော်တယ်အင်အားစုကနေ ဆင်းသက်လာတဲ့သူဆိုရင်တောင် ကြွေလွင့်ငှက်မွေးမျိုးနွယ်နဲ့ အတူတူလောက်ပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာ သူ ကြွေလွင့်ငှက်မွေးမျိုးနွယ်ရဲ့ နယ်မြေထဲကို ရောက်နေတာပဲ"

ပိုင်ဝမ်မြို့ပတ်ပတ်လည်တွင် သုဿာန်သတ္တဝါများက အကြိတ်အနယ် ဆွေးနွေးနေခဲ့သည်။

သို့သော်လည်း တစ်ခုတည်းသော အသိအမှတ်ပြုမှုကတော့…

ကျွင်းရှောင်ယောက်သည် ပြင်ပကမ္ဘာ၏ ထိပ်တန်း ပါရမီရှင်ဖြစ်ပြီး သုဿာန်သတ္တဝါများကို ဖြိုခွင်းရန် လာရောက်ခဲ့ခြင်း ဖြစ်နိုင်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now