၅၈၆ - ၅၉၀

541 59 0
                                    

အခန်း ( ၅၈၆ ) မြင့်မြတ်ခန္ဓာနှင့် တာအိုသန္ဓေတို့၏ ပဲ့တင်ထပ်မှု၊ အင်မော်တယ်စွမ်းအင်သုံးခု ပေါင်းစပ်ခြင်း၊ အင်မော်တယ်စွမ်းအင်ကို ဖလှယ်သည်။

ဟုတ်ပေသည်၊ ကျွင်းရှောင်ယောက်တွင် တခြားစိတ်ကူးတော့ မရှိပါ။

သူက ကျန်းစန်းယီနှင့်အတူ သူ၏ ကျင့်ကြံခြင်းကို တိုးတက်စေရန်သာ နတ်သန္ဓေသားအား အသုံးပြုလိုခဲ့သည်။

"အမစန်းယီ၊ စကြရအောင်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"အင်း"
ကျန်းစန်းယီ၏ အမူအရာမှာ အနည်းငယ်ပို၍ လေးနက်လာသည်။ သို့သော်လည်း လှပသော သူ့မျက်နှာမှာ နေဝင်ချိန် တိမ်တောက်သကဲ့သို့ နီမြန်းနေသးသည်။

ကျွင်းရှောင်ယောက်က နတ်သန္ဓေကို ထုတ်ယူခဲ့သည်။

နတ်သန္ဓေသည် နတ်စွမ်းအင်များ ပြည့်နှက်ပြီး တောက်ပနေခဲ့၏။
   
လျှို့ဝှက်ဆန်းကြယ်သော တာအိုအမှတ်အသားများ ရောယှက်နေပြီး တာအိုအငွေ့အသက်များလည်း စီးဆင်းနေသေးသည်။ တစ်ချက်ကြည့်ရုံဖြင့် လူအများကို ဉာဏ်အလင်းပွင့်ပြီး ကမ္ဘာလော အမှန်တရားကို နားလည်တော့မည်ကဲ့သို့ ခံစားရစေသည်။

"ဒါ အင်မော်တယ်စွမ်းအင်ပဲ..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက မီးတောက်တစ်ခု တောက်လောင်လာသည်။

သူ့မျက်လုံးများတွင် ကြည်ညိုမှု၊ မြတ်နိုးမှုနှင့် တောင့်တမှုတော့ မရှိပါ။

အကြောင်းမှာ၊ အင်မော်တယ်ဖြစ်ရန်က သူ သေချာပေါက် အောင်မြင်ရမည့် ပန်းတိုင်တစ်ခု ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထိုအတွက် မနာလို အားကျစရာမရှိပေ။
 
သူ လုပ်ရမည်က ထိုပန်းတိုင်းကို တစ်လှမ်းချင်း လျှောက်လှမ်းသွားရုံသာ ဖြစ်သည်။

နတ်သန္ဓေ ပေါ်လာချိန်မှာပဲ ကျန်းစန်းယီ၏ ခန္ဓာကိုယ်ထဲမှ သန္တောစွမ်းအင် တာအိုသန္ဓေကလည်း ပဲ့တင်ထပ်သကဲ့သို့ တာအိုအမှတ်သားများနှင့် တုန်ခါလာသည်။

သ‌န္တောစွမ်းအင် တာအိုသန္ဓေသည် မိုးနှင့်မြေ၏ ချစ်မြတ်နိုးခံရသူဖြစ်၍ မိုးကောင်းကင်၏ မျက်နှာသာပေးခံရသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now