656 - 660

401 35 0
                                    

အခန်း ( ၆၅၆ ) သူတော်စင်ဘုရင်အဆင့် အရိုးနဂါးကို လက်သီးတစ်ချက်နှင့် သတ်ဖြတ်ခြင်း၊ ကျန်းစန်းယီကို သတ်ချင်တာလား။

စစ်မြေပြင်တွင် သူတော်စင်ဘုရင်အဆင့်ရှိ အရိုးနဂါးကြီးက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်သတ်ဖြတ်နေသည်။

အစွမ်းထက် ကျွမ်းကျင်သူများမရှိဘဲ ဤအရိုးနဂါးကြီးကို တားဆီးရန် လုံးဝ မဖြစ်နိုင်ပေ။

ရှေးဟောင်းလမ်းမှ နာမည်ကြီး သူတော်စင်နယ်ပယ် ပါရမီရှင်များသည်ပင် အရိုးနဂါးကြီးရှေ့တွင် စက္ကူတစ်ရွက်ကဲ့သို့ အလွယ်တကူ စုတ်ပြဲသွားခဲ့သည်။

"ဂါး"
ဤအရိုးနဂါးသည် ဝင်္ကပါဖြင့် ဆင့်ခေါ်ထားသော အရာတစ်ခုမျှသာဖြစ်၍ တွေးခေါ်နိုင်စွမ်း မမြင့်မားပေ။

သို့ရာတွင်၊ အမှောင်ယံညမှ အလင်းတန်းကဲ့သို့ ကျွင်းရှောင်ယောက်၏ အင်အားများကို သူခံစားရသည်။

အရိုးနဂါးကြီးက ကျွင်းရှောင်ယောက်နှင့် အခြားလူများကို တိုက်ခိုက်လိုက်သည်။

"မကောင်းတော့ဘူး"
စုန့်ဖေးအပါအဝင် ကျွင်းရှောင်ယောက်အနောက်သို့ လိုက်လာကြသော လူငယ်အားလုံး မျက်နှာပျက်သွားကြ၏။
   
ယခင်က၊ ကြယ်ကောင်းကင်တွင် သူတော်စင်အဆင့် ဓားပြများကို ကျွင်းရှောင်ယောက်က အလွယ်တကူ သတ်ဖြတ်ခဲ့ကြောင်း မြင်ဖူးသည်။

ယခု‌မူ၊ ဤအရိုးနဂါးကြီးက ဆင့်ခေါ်ထားသော အရာတစ်ခုဖြစ်သည့်တိုင် သူတော်စင်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။

သို့သော်... တိုက်ခိုက်လာသော အရိးနဂါးကြီးကိုကြည့်ကာ ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲပေ။
   
ကျွင်းရှောင်ယောက်က ထိုက်ယင်ကျောက်စိမ်းယုန်ကို လက်တစ်ဖက်နှင့် ပွေ့ထားဆဲဖြစ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုးနှက်လိုက်သည်။
   
ထာဝရအင်မော်တယ်ခန္ဓာ...

နတ်ဆင်အမှုန်တစ်သိန်းစွမ်းအား...
   
ထို့ထက် အရေးကြီးဆုံးအချက်က၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းမှ မေယုကမ္ဘာစွမ်းအားများ သူ့လက်သီးတွင် ပါဝင်နေခဲ့ခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now