666 - 670

354 34 0
                                    

အခန်း ( ၆၆၆ ) ဇာတ်လမ်းတစ်ခုရဲ့ အဆုံး၊ ရတနာတွေ လာပို့ပေးတာကို စောင့်မျှော်ရင်း။

အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်ကို ပို၍ အာရုံစိုက်စေနိုင်သော အင်အားစုတစ်ခုရှိပါက...
   
ကျွင်းမိသားစုကဲ့သို့ အမွေအနှစ်များရှိသည့် ထိပ်တန်း အင်မော်တယ်အင်အားစု အနည်းငယ်မျှသာ ရှိသည်။
   
အဓိပဓိအင်မော်တယ်ခုံရုံးကတော့ အနက်ရှိုင်းဆုံး နောက်ခံသမိုင်းကြောင်း ရှိသူဖြစ်သည်မှာ သံသယရှိစရာမလိုပေ။

၎င်းတို့ မလဲပြိုမီ ဟိုးတစ်ချိန်က အဓိပဓိအင်မော်တယ်ခုံရုံးသည် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကိုပင် လွှမ်းမိုးထားခဲ့သော တည်ရှိမှုမှုတစ်ခု ဖြစ်ခဲ့သည်။

ယခု ပြိုလဲသွားပြီဖြစ်သော်လည်း အင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးရှင်ဟောင်းအနေဖြင့် ပိန်လှီသောကုလားအုတ်က မြင်းထက် ပိုကြီးနေသေးသည်။

၎င်းတို့၏အင်အားက အချမ်းသာဆုံး အင်မော်တယ်အင်အားစုများထက် အားကောင်းနေကြဆဲ ဖြစ်သည်။

ယခုအချိန်ထိတော့၊ ကျွင်းရှောင်ယောက်သည် အဓိပဓိ အင်မော်တယ်ခုံရုံးမှ မည်သည့်လူငယ်ပါရမီရှင်ကိုမှ မတွေ့ရသေးပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက် လျစ်လျူရှုမထားပေ။

ကျွင်းမိသားစု၏ ယခင်ရည်မှန်းချက်မှာ အဓိပဓိအင်မော်တယ်ခုံရုံးကို အစားထိုးပြီး အင်မော်တယ်နယ်မြေကြီး၏ ခေါင်းဆောင်နေရာကို တာဝန်ယူရန်ဖြစ်မှန်း သူသိသည်။

ဤသည်က ကျွင်းမိသားစု၏ အိပ်မက်ပင်။
   
ကျွင်းရှောင်ယောက်ကလည်း သူ့မိသားစုအတွက် ဤဆန္ဒကို ဖြည့်ဆည်းပေးရန် စိတ်ထဲမထားပါ။

ထိုအတွက် ဤအိပ်မက်ကို ဖြည့်ဆည်းချင်လျှင် အဓိပဓိအင်မော်တယ်ခုံရုံးက အကြီးမားဆုံး အတားအဆီး ဖြစ်သည်။

နောက်ဆုံးတွင်၊ အဓိပဓိအင်မော်တယ်ခုံရုံးက ပြိုလဲပြီး သွေးမျိုးဆက်များစွာ ကွဲသွားသော်လည်း အတိတ်အချိန်သို့ ပြန်သွားကြရန် ရည်မှန်းချက် ရှိနေကြဆဲပင်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now