681 - 685

373 33 0
                                    

အခန်း ( ၆၈၁ ) သူနဲ့ပတ်သတ်တဲ့ အရာအားလုံးက ကျွင်းရှောင်ယောက် ပိုင်တယ်။

ထို့နောက်တွင် လူတိုင်းက ကိုယ်လုပ်စရာရှိတာကို လုပ်ဆောင်ခဲ့ကြသည်။

လေ့ကျင့်စရာရှိသူများ လေ့ကျင့်ပြီး အခွင့်အလမ်းကိုရှာသင့်သောသူများ အခွင့်အလမ်းကို ရှာဖွေခဲ့၏။

မည်သို့ပင်ဆိုစေ၊ ဖန်ဆင်းခြင်းလှေတစ်စင်းလုံးက ကျွင်းရှောင်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

ရက်စက်ကြမ်းကြုတ်သော သားရဲအမျိုးမျိုးတို့သည်လည်း ရှေးယခင်က ကပ်ဆိုးကြီးအောက်တွင် ကျဆုံးခဲ့သည်မှာ ကြာခဲ့ပြီ။

ရီယုနှင့် အခြားသူများလည်း အခွင့်အလမ်းများကို ရှာဖွေပြီးနောက် ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်စေရန် တံခါးပိတ်လေ့ကျင့်လိုက်ကြသည်။

ကျွင်းရှောင်ယောက်သည်လည်း ဖန်ဆင်းခြင်းကမ္ဘာ၏ မူလအစကို ရရှိခဲ့ပေပြီ။

"ဒါက မပြည့်စုံတဲ့အခြေအနေမှာ ရှိနေပေမဲ့၊ ရှေးဧကရာဇ် ချန်ထားခဲ့တဲ့ နိယာမတစ်ခုဖြစ်တာကြောင့် ကိုးကားချက်အနေနဲ့တော့ သုံးနိုင်သေးတယ်"

"ငါနားလည်ပြီးရင် အပြီးအပိုင် ဖျက်သိမ်းပြုပြင်နိုင်ပြီး၊ ငါ့ရဲ့ ကိုယ်ပိုင်အတွင်းစကြာဝဠာနဲ့ ပေါင်းစပ်နိုင်လိမ့်မယ်"
ကျွင်းရှောင်ယောက်က သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ဤတစ်ကြိမ်တွင်၊ အတွင်းစကြဝဠာက ၎င်း၏ကနဦးစွမ်းအားကိုသာ ပြသနိုင်ခဲ့သည်။

သို့သော်လည်း ဤသည်မှာ၊ အပေါ်ယံအရှိဆုံးအဆင့်သာဖြစ်သည့်တိုင် ရှေးဧကရာဇ် ချန်ထားခဲ့သော မိုးမြေနိယာမများကို တွန်းလှန်ရန်လုံလောက်သည်။

အတွင်းစကြာဝဠာသည်သာ ဆက်လက်ကြီးထွားလာပါက ကျွင်းရှောင်ယောက်၏ အင်အားကလည်း ပိုမိုအားကောင်းလာလိမ့်မည်။

အဆုံးတွင်၊ အတွင်းစကြဝဠာက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေထက် ကြီးမားလာပါက၊ ကျွင်းရှောင်ယောက်သည်လည်း ဖန်ဆင်းရှင်နတ်ဘုရား ဖြစ်လာပေတော့မည်။

ကျွင်းရှောင်ယောက်လည်း သူ့ရှေ့တွင် သူတစ်ခါမှ မမြင်ဖူးသေးသော လမ်းမကျယ်ကြီးကို မြင်လိုက်ရသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now