အခန်း ၂

1.2K 102 1
                                    

အခန်း ( ၂ ) ဘိုးဘေးဆယ့်ရှစ် တုန်လှုပ်စွာ ထွက်လာရပြီ၊ နတ်ဘုရားသားတော်နှင့် စီကွမ်သုည

'အား... စနစ်‌ကတောင် ငါ့ကို နှိမ့်ချမနေစေချင်ဘူးပဲ'
ကျွင်းရှောင်ယောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။

"ဒင်... အကောင့်ဝင်ရောက်ဖို့ တည်နေရာကို ရှာဖွေပြီးပါပြီ... တိုင်ယွဲ့ရှေးဟောင်းကျောက်စာတိုင်မှာ အကောင့်ဝင်ပါ"

'တိုင်ယွဲ့ရှေးဟောင်းကျောက်စာတိုင်၊ ဒါက ဘယ်နေရာမှာလဲ'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။

သို့ရာတွင် သူက ကလေးငယ်သာ ဖြစ်သေးသောကြောင့် အလျင်မလိုပေ။ မဟာအောင်ခြင်းတစ်ခု မြင့်မြတ်ခန္ဓာနှင့် မွေးဖွားလာသည်ကပင် အလွန် ပြီးပြည့်စုံနေခဲ့ပြီ ဖြစ်သည်။

အကောင့်ဝင်ရန် တည်နေရာကို နောက်ပိုင်းမှ သူ့ဘာသာ ရှာဖွေနိုင်၏။

'ပထမအကြိမ် ငါကံစမ်းတာတော့ မဟာအောင်ခြင်း ရှေးဟောင်း မြင့်မြတ်ခန္ဓာကို ရရှိခဲ့ပြီ... ဒါဆိုရင် နောက်တစ်ခါ အကောင့်ဝင်ရင် ဘာတွေများ ရရှိမလဲမသိဘူး'
ကျွင်းရှောင်ယောက် တွေးလိုက်မိ၏။

ထိုအချိန်တွင် ကျွင်းကျန်းထျန်းက သူ့နဖူးကို သူပြန်ရိုက်၍ ပြောလိုက်သည်။
"မေ့နေတာ၊ ငါ့မြေးကို နာမည်မပေးရသေးဘူးပဲ... သူ့ကို အနာဂါတ်မှာ တာအိုလမ်းစဉ်နဲ့ အသက်ရှည်စေဖို့ ရည်ရွယ်ပြီး ကျွင်းချန်ရှန်လို့ မှည့်ခေါ်မယ်"

ထိုစကားသံကိုကြားသောအခါ ကျွင်းရှောင်ယောက် ဆွံ့အသွားမိ၏။

ကျွင်းချန်ရှန်ဟူသောအမည်က မဆိုးသော်လည်း သူ့မူလနာမည်ကို အသုံးပြုရန်တော့ မျှော်လင့်နေဆဲပင်။

"ဒါက မကောင်းပါဘူးဗျာ... ဒီလောကမှာ ချန်ရှန်ဆိုတဲ့နာမည်က တစ်ပုံကြီးပဲ"
အကြီးအကဲအချို့က ခေါင်းကို ခါယမ်းလိုက်ကြသည်။

ယခုဆိုလျှင် လူများက ၎င်းတို့၏ခွေးများ၊ ကြောင်များကိုပင် ချန်ရှန်ဟူ၍ ပေးနေကြချေပြီ။ မိမိတို့ ချီလင်သားတော်ကို ဤနာမည်မျိုး အဘယ်သို့ ပေးနိုင်ပါအံ့နည်း။

ထိုစဉ် အနည်းငယ်အားနည်းနေသော စကားသံတစ်ချက် ထွက်ပေါ်လာသည်။
"သူကို ဘာလို့ရှောင်ယောက်လို့ မခေါ်ရမှာလဲ..။ ယောကျ်ားတစ်ခါက ပြောဖူးတယ်..။ အင်မော်တယ်ဖြစ်ဖို့က လွတ်လပ်မှုရှိတဲ့ဘဝကို ရရှိဖို့နဲ့စာရင် လွယ်ကူလွန်းပါတယ်တဲ့..။ ကျွန်မတော့ ကလေးလေးကို အနာဂါတ်မှာ လွတ်လွတ်လပ်လပ်နဲ့ ကောင်းမွန်စွာ ရှင်သန်သွားစေနိုင်ဖို့ပဲ မျှော်လင့်ပါတယ်"
အိပ်ရာပေါ်တွင် လဲလျောင်းနေသော ဖြူဖပ်ဖြူရော်မျက်နှာနှင့် လှပသည့်အမျိုးသမီးက ဝင်ရောက်ပြောဆို လိုက်၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now