အပိုင်း ၃၈

763 78 0
                                    

အခန်း ( ၃၈ ) လုံဟောက်ထျန်းကို သတ်ဖြတ်ခြင်း၊ ဘိုးဘေးဆယ့်ရှစ်၏ ဓား၊ အဓိပဓိတစ်ပိုင်းကျွမ်းကျင်သူကို ဓားသုံးချက်နှင့် သတ်ဖြတ်ခြင်း

ထိုစကားသံက လောကကို ဖရိုဖရဲဖြစ်စေကာ လေထုပင် တုန်ခါသွားရသည်။

လူတိုင်းက မိမိအပေါ်သို့ကျဆင်းလာသော နဂါးတစ်ကောင်၏ ဖိအားများကို ခံစားလိုက်ရ၏။

ခန်းမထဲမှလူအားလုံး ကောင်းကင်ယံမှကျဆင်းလာသော အနက်ရောင် နဂါး‌လက်ကြီးတစ်ဖက်ကိုကြည့်ကာ တုန်ယင်သွားကြတော့သည်။

၎င်းနဂါးလက်ကြီးမှ အကြေးခွံများကလည်း မဟူရာရောင် တောက်ပနေသည်။ နဂါးခြေသည်းကြီး ဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ လေဟာပြင်က ဆုပ်ဖြဲခံခဲ့ရ၏။ ဤအခြေအနေမှ ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျများဟာ အားလုံးကို သွေးပျက်ချောက်ချားသွားစေသည်။

"ဒီဖိအားကြီးက... ဒီလူက အနည်းဆုံး အဓိပဓိတစ်ပိုင်းနယ်ပယ် ခွန်အားရှိလိမ့်မယ်"
အကြီးအကဲတချို့ကလည်း ပြောလိုက်သည်။

အဓိပဓိနယ်ပယ်အောက်တွင် အဓိပဓိတစ်ပိုင်းနယ်ပယ်က ထိပ်တန်းအဆင့်ပင် ဖြစ်၏။

တချို့အင်အားစုတွင်ပင် အဓိပဓိတစ်ပိုင်းက အမြင့်ဆုံးအဆင့်ဖြစ်ပြီး အလွန်ရှားပါးသည်။

ယခုအခါ အဓိပဓိတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူက တကယ်ကြီးထွက်ပေါ်လာ၏ အားလုံး တုန်လှုပ်သွားတော့သည်။

တချို့ကတော့ ဘာများဖြစ်ပျက်နေသည်ကို သိကြ၏။
"လုံဟောက်ထျန်းက အကြောက်ရွံ့မဲ့တာ အံ့ဩစရာမရှိတော့ပါဘူး..။ သူ့ကိုထောက်ပံ့ပေးမဲ့ ကျောထောက်နောက်ခံရှိနေတာကို"

လုံဟောက်ထျန်း ဘယ်လောက်ပင် မာနကြီးနေပါစေ၊ ကျွင်းမိသားစုကို တကိုယ်တော် လာရောက်ဝံ့မည် မဟုတ်ပေ။

ဘိုးဘေးနဂါးသိုက်မှ လူတစ်ယောက်အနေဖြင့် ငတုံးမဟုတ်လျှင် ကျွင်းမိသားစုပိုင်နက်သို့ အပြိုင်လာကြဲဝံ့မည် မဟုတ်ပါချေ။

လုံဟောက်ထျန်းက အမှန်ပင် နောက်ခံကောင်းဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now