အပိုင်း ၃၁

786 85 0
                                    

အခန်း ( ၃၁ ) စီကွမ်သုညရာထူးကို ကြေညာခြင်း၊ ကျွင်းဝမ်ကျဲ မကျေမနပ်ဖြစ်သည်

ထိုအခါမှ ကျွင်းရှောင်ယောက် သတိပြန်ဝင်လာသည်။ လူအများရှေ့တွင် ထိုသို့ပြုသည်က မသင့်တော်ဘူးဟုတွေးကာ ကျန်းလော့လီကို အမြန်ပြန်လွှတ်ပေးလိုက်၏။

ကျန်းလော့လီမျက်နှာမူကား အရှက်သည်းစွာဖြင့် မျက်နှာတစ်ခုလုံး ပန်းနုရောင်သန်းနေတော့သည်။ သူဟာ နေရာတစ်ခုရှာကာ ပုန်းခိုနေရန်ပင် တွေးလိုက်မိသည်။

"အို... လူအများကြီးရှေ့မှာ ရှက်လိုက်တာရှင်..."
ကျန်းလော့လီက ကျန်း‌စန်းယီရင်ခွင်ထဲသို့ ပြေးဝင်သွားကာ မျက်နှာကို ဝှက်ထားလိုက်လေသည်။

သူမဟာ ကျန်းမိသားစု၏ ပုလဲရတနာလေးဖြစ်၍ ယင်ဖိုပင် မသမ်းဖူး‌သေးပါချေ။ ထို့ကြောင့် ယခုကဲ့သို့ အပြုခံရသည့်အတွက် အလွန်ရှက်ရွံ့သွားတာ သဘာဝသာ ဖြစ်သည်။

ကျန်းစန်းယီလည်း ကျန်းလော့လီခေါင်းကို အသာပုတ်ကာ မနေနိုင်ဘဲ ကျွင်းရှောင်ယောက်ကို ခပ်တင်းတင်း ကြည့်လိုက်မိသည်။

သူ့တူလေးက အလွန်ချောမောသည့်တိုင် ခပ်ဆိုးဆိုး အကျင့်လေးတချို့ ရှိနေပုံရသည်။

သို့ရာတွင် ကျန်းစန်းယီက စိုက်ကြည့်လာသောအခါတွင် ကျွင်းရောင်ယောက် တစ်ခုခုကို သတိပြုမိသွားသည်။

"အိုး... သူ့မှာ သန္တောစွမ်းအင် တာအိုခန္ဓာ ရှိနေတာပဲ"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

ကျန်းလော့လီဟာ ကျန်းမိသားစု၏ ပုလဲရတနာဖြစ်သည်။ သူဟာ တာအိုသုံးထောင်အနက်မှ ထိပ်တန်းတစ်ရာအတွင်းဝင်သော ဒိုင်မက်ရှင်းဝိညာဉ်တာအိုခန္ဓာကို ပိုင်ဆိုင်ထား၏။

ယင်းကိုတော့ သူ့မိခင် ကျန်းရို့ပြော၍ သိထားပြီးပြီ ဖြစ်ပေသည်။

အခြားတစ်ဖက်မှာတော့ ကျန်းစန်းယီဟာ အလွန်ရှားပါးသော သန္တောစွမ်းအင် တာအိုခန္ဓာကို ပိုင်ဆိုင်ထားသည်။

ထိုတာအိုခန္ဓာမျိုးဟာ ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့်ပင် နှိုင်းယှဉ်နိုင်၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now