၅၁၆ - ၅၂၀

652 70 0
                                    


အခန်း ( ၅၁၆ ) ဒဏ္ဍာရီတစ်ခု၊ မဟာဧကရာဇ်၏ အမိန့်တော်ကို ထုတ်ပြန်ခြင်း၊ ဝမ့်မိသားစု၏ ရှေးဘိုးဘေးကို သတ်ဖြတ်ခြင်း။

ကျွင်းထျန်းမင်၏ စကားသံ ဆုံးသွားသည်နှင့်...

ကျွင်းမိသားစု၏ ဘိုးဘွားခန်းမအတွင်းတွင် ဧကရာဇ်၏ တန်ခိုးကြီးသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ကြီးမားသော ရွှေရောင်အလင်းတန်းတစ်ခုက ဆူပွက်လာကာ ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။

"ဧကရာဇ်ရဲ့ အရှိန်အဝါ... ဒါက နောက်ထပ် ဧကရာဇ်လက်နက်တစ်ခုပဲလား"

"မဟုတ်ဘူးကွ၊ အဲဒါ ဧကရာဇ်လက်နက်မဟုတ်ဘူး..."

ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်မြေကြီးမှ လူအားလုံးက ကျွင်းမိသားစုကို အာရုံစိုက်လာကြပြန်သည်။

ကျွင်းသားစုတွင် ဘာများ ရှိဦးမလဲဆိုတာ သူတို့ သိချင်ကြ၏။

လူတိုင်း၏ အကြည့်အောက်တွင် ကျွင်းမိသားစု၏ ဘိုးဘွားခန်းမထဲမှ ရွှေ‌ရောင်အမိန့်တော်တစ်ခု ပေါ်လာသည်။

အမိန့်တော်က လေထဲတွင် ကျယ်ပြန့်လာကာ ရွှေရောင်အလင်းတန်းများ ထွန်းလင်းလာခဲ့၏။ ဧကရာဇ်၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါက ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ ကောင်းကင်ကို လွှမ်းခြုံထားသည့် ရွှေရောင်အမိုးအကာအဖြစ် ပြောင်းလဲသွားသကဲ့သို့ ကောင်းကင်ကို ပျံတက်သွားတော့သည်။

"ဒါ... ဒါက..."
ထိုအချိန်တွင်၊ ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရှိ သန်းပေါင်းများစွာသော လူများအားလုံး ၎င်းတို့၏စိတ်ဝိညာဉ်များပါ တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းမှာ မြင့်မြတ်သော နတ်ဘုရားတစ်ပါး နိုးထလာပြီး ကောင်းကင်မှ သူတို့ကို ငုံ့ကြည့်နေသကဲ့သို့ပင်။

ရွှေ‌ရောင်မိန့်တော်သည် ကောင်းကင်ယံ၌ ရွှေရောင်လွှမ်းသော အုတ်တံတိုင်းကြီးကဲ့သို့ ဖြစ်သည်။

၎င်းပေါ်တွင် စာလုံးနှစ်လုံးကို ရေးထိုးထား၏။

"ကောင်းကင်လမ်းရဲ့ သရဖူဆောင်းတာက ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now