606 - 610

464 39 0
                                    

အခန်း ( ၆၀၆ ) ချင်မိသားစု၏ နတ်ဘုရားသားတော် ချင်ဝူတောက်၊ လွမ်ကုဧကရာဇ်၏ နောက်ထပ် အမွေဆက်ခံသူ၊ ကြက်သွန်မြတ်အသစ်။

ချင်ကျစ်မို ထုတ်ဖော်လိုက်သော မပြည့်စုံသည့် ရှေးဟောင်းကမ္ပည်းတွင် ရှေးအက္ခရာတစ်ခု ရေးထိုးထားသည်။ ထိုစာလုံးမှ အားကောင်းသော လျှို့ဝှက်စွမ်းအားများ စီးဆင်းနေလေသည်။

အကယ်၍ ထိုစာလုံးကို ကျွင်းရှောင်ယောက် ရရှိထားသည့် မပြည့်စုံသော ရှေးဟောင်းကမ္ပည်း 'လွမ်'နှင့် နှိုင်းယှဉ်ပါက...
   
"လွမ်ကု" ဟူသော စကားလုံး ဖြစ်လာမည် ဖြစ်သည်။

"ဝုန်း"
ကျွင်းရှောင်ယောက်၏ လက်ဝါးကြီးက ချင်ကျစ်မို၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖုံးအုပ်သွားခဲ့သည်။

ချင်ကျစ်မို၏ ခန္ဓာကိုယ်က တခဏချင်း ပေါက်ကွဲသွား၏။

သို့သော်လည်း၊ မပြည့်စုံသော ရှေးဟောင်းကမ္ပည်း၏ အကာအကွယ်အောက်တွင် သူ၏ ရှေးဦးဝိဉာဉ်က အသက်ရှင်လျက် ကျန်ရစ်ခဲ့သည်။

"ဟာ၊ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အင်အားမျိုးပါလိမ့်"
ကျွင်းရှောင်ယောက်၏ စွမ်းရည်ကြောင့် အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
  
မပြည့်စုံသော ရှေးဟောင်းကမ္ပည်းကိုတော့ သူတို့ သိပ်ပြီး ဂရုမစိုက်မိပေ။

ကျွင်းရှောင်ယောက်က ရှေးဦးဝိညာဉ်ကို လှုံ့ဆော်လိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအားက ဧရာမလက်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ကျစ်မို၏ ရှေးဦးဝိညာဉ်ကို တိုက်ရိုက် လွှမ်းခြုံသွားခဲ့သည်။

"ဘုရားရေ၊ စိတ်ဝိညာဉ်က ရုပ်လုံးပေါ်လာပြီ၊ ဒီလူရဲ့ ရှေးဦးဝိဉာဉ်က ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ"
ကြီးမားသော ဝိညာဉ်လက်ဝါးကြီးကို မြင်‌ရသောအခါ ပါရမီရှင်များ ပို၍ပင် တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက်သည် ငယ်စဉ်ကတည်းက ရှေးဦးဝိညာဉ် ပုံရိပ်ဖော်ကျင့်စဉ်ကို လေ့ကျင့်ထားခဲ့သူ ဖြစ်သည်။ ထို့ပြင် ရှန်းကုဝိညာဉ်ကိုလည်း စုပ်ယူထားနိုင်ခဲ့၏။ မျိုးဆက်သုံးခု အင်မော်တယ်ဆုဒြာ၏ သုံးပုံနှစ်ပုံကိုလည်း လေ့ကျင့်ထားခဲ့ပါသေးသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now