သုံးနှစ်ကြာပြီးနောက်........ရက်တွေ၊လတွေ၊နှစ်တွေ အလီလီကူးပြောင်းခဲ့ပြီဖြစ်သည်။ချမ်း သားလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ပြီး သားလေး သုံးနှစ်အရွယ်အထိ ဒီမှာပဲနေခဲ့သည်။ချမ်း မာမီဒေါ်မေမီကတော့ မြန်မာနိုင်ငံတစ်လှည့် ချမ်း ရှိရာ ဩစီသို့ တစ်လှည့် သွားလာ လာလိုက်ဖြစ်သည်။ချမ်း ဒယ်ဒီ ဦးကောင်းမြတ်ကတော့ companyတစ်ဖက်နဲ့မို့ ချမ်း သားလေးမွေးတုန်းက တစ်ခါ၊သားလေး နှစ်နှစ်ပြည့် မွေးနေ့ကျင်းပတုန်းက တစ်ခါ ။နှစ်ခါလားပဲ ချမ်း ရှိရာသို့ ရောက်ဖြစ်သည်။သို့ပေမဲ့ မြေးအဘိုးတွေ ညတိုင်း face chat ပြောကြသည်ဖြစ်သည်။
"သား..sun..ဘာတွေလုပ်နေတာလဲ"
ချမ်း သားကိုအော်ခေါ်ရင်း သား အခန်းထဲသို့ရောက်လာသည်။ခုတင်ပေါ်တွင် သား ဆော့လက်စ ဆိုင်ကယ်ရုပ်၊ကားရုပ်တွေ သာ ပျံ့ကြဲနေကာ သား အရိပ်အယောင်မမြင်ရပေ။ချမ်း မျက်ခုံးလေး ကြုံ့သွားသည်။ရေချိူးခန်း ဝင်နေတာလား။အတွေးနဲ့ အတူ ချမ်း ရေချိူးခန်းတံခါးဖွင့်ကြည့်သည်။သား ချိူးနေကျ ရေဇလုံထဲ ဘဲဝါရုပ်လေး ပေါလောပေါ်နေကာ သားမရှိပေ။ချမ်း သားအခန်းထဲက ပြန်ထွက်လာလိုက်သည်။ချမ်း ရေချိူးနေတုန်း ခဏလေး ဘယ်ပျောက်သွားသည်မသိ။ချမ်း တကယ် ဒီမျောက်လောင်းလေးကို မနိုင်တာ ဖြစ်သည်။
"အန်နီ..သား ကိုမြင် မိလား"
မီးဖိုခန်းထဲ အလုပ်ရှုပ်နေသည့် အန်နီကို လှမ်း အော်မေးလိုက်သည်။
"ခုနက အိမ်ရှေ့ ဆင်းသွားတယ် သခင်လေး"
အန်နီက နေ့လည်စာ ပြင်ဆင်ပေးနေရာမှ ပြန်ဖြေသည်။အန်နီ့စကားကြောင့် ချမ်း အိမ်ရှေ့ထွက်လာလိုက်သည်။မနက် မြန်မာနိုင်ငံ ပြန်ရတော့မည်မို့ ချမ်း တစ်မနက်လုံး ပြင်ဆင်စရာရှိတာတွေ၊ပြင်ဆင် ထုတ်ပိုးရသည်။ချမ်း အလုပ်ရှုပ်နေတုန်းကတော့ ပါးပါး၊ပါးပါးနဲ့ ချမ်း လုပ်သမျှ သူပါ နောက်ကလိုက်ရှုပ်နေတာဖြစ်သည်။ခဏ ကြာတော့ သူ့အခန်းသူ့ပြန်သွားသည်။ချမ်း အကုန်ပြင်ဆင်းပြီး ရေမိုးချိူးပြီးမှာ သား အခန်း လိုက်လာတော့ သားက အခန်းထဲမရှိပေ။အိမ်ရှေ့ ခြံထဲတွင် သူ စီးနေကျ ဆိုင်ကယ်ရုပ်လေး ရှေ့ ကုန်းကုန်း၊ကုန်းကုန်းနဲ့ အလုပ်ရှုပ်နေသော ကျောပြင်သေးသေးလေးကိုမြင်ရသည်။

YOU ARE READING
Falling In Love With My Husband.
RomanceSeason 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချောကောင်လေး နေမင်းတာရာ မျိူးရိုးမြင့် မိသားစုကြီးမှ အနေ အေးဆေးတည်ငြိမ်ကာ နူးညံ့လှပသော ကောင်လေး ချမ်း ဆယ်ကျော်သက်အရွယ်တွင် အချစ်ကိုရုးမိုက်စွာ ကိုးကွယ်ကာ နှစ်ယောက်တစ်ဘဝတည်ထောင်ပ...