"ကျွန်တော် မသွားဘူး မာမီ"
ချမ်းက မျက်နှာတည်လေးဖြင့် ငြင်းတော့ ဒေါ်မေမီ မျက်နှာမကောင်းဖြစ်သည်။ချမ်း မာမီ စိတ်မကောင်းဖြစ်သွားသည်ကို သိပေမဲ့ အလျှော့မပေးနိုင်။သူ မသိပဲ စေ့စပ်ဖို့ကိစ်စကို ကြိုတင်စီစဉ်ထားသည်။လူကြီးတွေချင်းပြောဆိုထားပြီးဖြစ်ကာ ဒီနေ့ ချမ်းကို တစ်ဖက် ကောင်မလေးနဲ့ တွေ့ဆုံပေးဖို့ဖြစ်သည်။ချမ်း တကယ် မာမီကိုအံ့ဩမိပါသည်။သူမှာ့ သားလေးတစ်ယောက်ရှိနေတောင် မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ စီစဉ်သည်။သားလေး ဘက်ကိုတစ်ချက်မှတောင် ငဲ့မကွက်ပေ။
ချမ်း နောက်ထပ်အိမ်ထောင်ပြုဖို့ ယောင်၍တောင် မစဉ်းစားခဲ့တာဖြစ်သည်။
သူ့ ဘဝ တစ်လျှောက်လုံး သားလေးကို ပြုစုပြုထောင်ပေးပြီး သားလေးနဲ့အတူ ဖြတ်သန်းသွားဖို့သာ စိတ်ကူးရှိသည်။"ချမ်းလေး...မာမီ့ကို မျက်နှာပျက်အောင်မလုပ်ပါနဲ့...မာမီပြောဆိုပြီးသားဆိုတော့ ဒီတစ်ခါလေးတော့ သွား လိုက်ပါနော်...ကောင်မလေးက ချစ်စရာလေးပါ..သား...တစ်ခါလောက်တွေ့ပြီး လေ့လာကြည့်........"
"မာမီ.."
ဒေါ်မေမီ စကားမဆုံးခင် ချမ်းက တားမြစ်သလို စိတ်ပျက်စွာခေါ်သည်။မာမီ လုပ်ရပ်တွေကို သူ တော်တော်စိတ်ကုန်နေပြီ။
"ချမ်းမြေ့ရောင်...ငါ လုပ်ပေးနေတာ မင်းအတွက်ချည်းပါ...မင်းဘဝကောင်းစားပြီး သာယာဖို့...မင်း သားက အချိန်တန်အရွယ်ရောက်လာရင် သူ့ဘဝ၊သူ့မိသားစုနဲ့သူဖြစ်သွားမှာ...အဲလိုအချိန် မင်း တစ်ယောက်တည်းအထီးကျန်အဖော်မဲ့နေမှာ ငါမလိုချင်လို့...အခု ငါစီစဉ်ပေးနေတဲ့ ကောင်မလေးက ဘယ်လောက်တောင်အဆင်ပြေလိုက်သလဲ..ငါတို့နဲ့ မျိူးတူ၊ဂုဏ်တူ၊အဆင့်အတန်းတူတဲ့ မိသားစုက....ပြီးတော့ ကောင်မလေးက အဆင်းရော၊အချင်းရော ရှိတဲ့မိန်းကလေး"
"ကျွန်တော် နောက်အိမ်ထောင်လုံးဝပြုမှာ မဟုတ်ဘူးမာမီ"
ချမ်းက ပြောပြီး ဆိုဖာပေါ်မှ ထကာ ထွက်သွားဖို့ပြင်တော့ ဒေါ်မေမီကဒေါသထွက်စွာဖြင့်.....
"မင်း ...ဟိုကောင်လေးကို အခုချိန်ထိမျှော်လင့်နေသေးတာလား ချမ်းမြေ့ရောင်"

YOU ARE READING
Falling In Love With My Husband.
RomanceSeason 1 သာမာန် လူလတ်တန်းစား မိသားစုက တက်ကြွကာ အလုပ်ကြိုးစားသော ခပ်ချောချောကောင်လေး နေမင်းတာရာ မျိူးရိုးမြင့် မိသားစုကြီးမှ အနေ အေးဆေးတည်ငြိမ်ကာ နူးညံ့လှပသော ကောင်လေး ချမ်း ဆယ်ကျော်သက်အရွယ်တွင် အချစ်ကိုရုးမိုက်စွာ ကိုးကွယ်ကာ နှစ်ယောက်တစ်ဘဝတည်ထောင်ပ...