Chapter 97- သဝန်တိုခြင်း

2.2K 461 33
                                    

Unicode

ဆုရှောင်းပေါ်က ရှဲ့လင်ထိုင်နေသော ခုံနားကပ်ကာ ခပ်တိုးတိုးလေး ပြောနေသည်။ ကားထွက်ကာစဖြစ်၍ လမ်းပေါ်မှ အသံများလဲ ဆူညံ‌နေလေသည်။

ရှဲ့လင်က ချီချင်းကို အမှတ်မထင် ကြည့်လိုက်မိလေရာ သူ့ကို စိုက်ကြည့်နေရာမှ အကြည့်လွှဲရန် အချိန်မမီလိုက်သည့် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။

ချီချင်းက ဖုန်းမျက်နှာပြင်ပေါ်မှ စာလုံးသုံးလုံးကို ဖတ်နေ၏။

ဟက်.. ဒီဟာပဲလား...

ချီချင်းမှာ လူတိုင်းကို သဘောမကျသော်လဲ တစ်ဦးတစ်ယောက်ထဲကို ဦးတည်၍ မုန်းဖူးခြင်းမရှိ။ လူတိုင်းကို အတူတူသာ မုန်းပေးတတ်သည့် လူစားမျိုးဖြစ်သည်။

သို့သော် ဒီနေ့တော့ ရှဲ့လင်နှင့် စကားစမြည်လာပြောသော ဆရာမကို သူ သိပ်သဘောမကျ။ ကြည့်မရသည်ဟု ပြောပါက ပိုမှန်ပေမည်။

ထို့ကြောင့် ချီချင်းလဲ စိတ်မထိန်းနိုင်ပဲ ထုတ်ပြောလိုက်သည်။
" ကျောင်းက ထွက်လာတာဖြင့် ဘယ်နှမိနစ်မှတောင် မရှိသေးဘူး.. အရေးတကြီးပြောစရာတွေ များနေတဲ့ပုံပဲ"

ချီချင်းက ဆက်ပြောသည်။
" အဲ့နားမှာ ရဲတွေ တစ်ယောက်မှ မရှိတော့လို့လား.. အရေးတကြီးပြောစရာရှိတယ်ဆိုရင် ရဲကို တိုက်ရိုက်ပြောတာ ပိုမကောင်းဘူးလား.. အလုပ်သဘောတောင် မသိဘူးနဲ့တူတယ်"

"...."

ထိုစကားကို‌ ပြောပြီးနောက် ချီချင်းသည်ပင် သူ့ကိုယ်သူ ရွံရှာသလို ခံစားလာရသည်။ ပုံမှန်ဆိုလဲ စကားကြမ်းကြမ်းပြောတတ်ပေမဲ့ စိတ်ထဲ ဖြစ်နေသည့် ခံစားချက်ကို တိတိကျကျ သိ၏။

ထို့ကြောင့် စကားဆက်ပြောချင်နေသည်ကိုပင် ရပ်လိုက်တော့ ရှဲ့လင်ရော ဆုရှောင်းပေါ်တို့ နှစ်ယောက်လုံး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဆုရှောင်းပေါ်က ကြောင်တောင်တောင် စကားစသည်။
" လက်အိတ်ဦးဦး .. ဦးဦ်း ဒီလောက်အများကြီးစကားပြောတာ ပထမဆုံးမြင်ဖူးတာပဲ"

" ငါ့နာမည် လက်အိတ်မဟုတ်ဘူး"
ချီချင်းက ဆုရှောင်းပေါ်ကို မကြည်ကြည့် ကြည့်ကာ ပြောလိုက်သည်။
" ပြီးတော့ ငါက အ‌ နေတာမှ မဟုတ်တာ.. စကားပြောတာ ထူးဆန်းလား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now