Chapter 118- အလိမ်ဖော်စက်

989 283 9
                                    

Unicode

သူတို့ရှေ့တွင် ရှန်ရှင်းဟယ် ထွက်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။

ကျောင်းသားမှတ်တမ်းထဲမှ ဓာတ်ပုံနှင့် ထပ်တူကျနေသလို အရင်တစ်နေ့က ကွမ်းယွမ်ကျောင်း ကန်တင်း၏ ပြတင်းပေါက်မှ ငေးကြည့်နေသော ပိန်ပါးပါးကိုယ်နှင့် ချွတ်စွပ်တူနေသည်။

သတင်းထုတ်လွှင့်သည့်နေ့က ကန်တင်းထဲရှိ TV သေးသေးလေးရှေ့တွင် ရပ်ရင်း အန်တီကြီးများ သက်ပြင်းချနေခဲ့ကြသည်။ ထိုအချိန် ဟင်းတန်းစီသည့် ပြတင်းပေါက်နေရာတွင် မျက်မှန်တပ်ထားသော ကျောင်းသားတစ်ယောက် လာရပ်သည်။

ထမင်းနှင့် ဟင်း ယူပြီးနောက် ဘေးမှ TV ကို တစ်ချက်ကြည့်ကာ အန်တီကြီးများကို ကျေးဇူးတင်စကား ပြောလိုက်သေး၏။

.....
" ငါတို့ မင်းကို ဘာလို့လိုက်ရှာနေလဲ သိလား"

" သေချာတော့ မသိဘူး"

" မင်း ကွမ်းယွမ်ကျောင်းက အတန်းထဲမှာ မရှိဘူး.. ဆရာမဆီကလဲ ခွင့်မတောင်းထားဘူး.. ကားပြင်ဆိုင်မှာ မင်း ဘာလာလုပ်နေတာလဲ"

" ကားပြင်တဲ့ ပညာကို စိတ်ဝင်စားလို့ပါ"

" မင်း အခု အထက်တန်းကျောင်း တတိယနှစ်ရောက်နေပြီ.. စာမေးပွဲတိုင်းမှာ ပထမရတဲ့သူက ကားပြင်တာကို စိတ်ဝင်စားတယ်တဲ့လား"

"..."

စစ်မေးခန်းထဲတွင် မီးခိုးနှင့် အဖြူရောင်ရောစပ်ထားသော သိုးမွေးဆွယ်တာနှင့် လူငယ်လေးတစ်ယောက် ရှိနေသည်။ တည်ငြိမ်လွန်းသောကြောင့် စစ်မေးသူ ရဲအရာရှိသည်ပင် ရွှေကိုင်းတပ်မျက်မှန်အောက်မှ မျက်ဝန်းထဲတွင် ဘယ်လိုခံစားချက်မျိုး ရှိနေသည်ကို မမြင်နိုင်။ တော်တော်များများကို ဖုံးကွယ်ထားသည်ဟု ထင်ရပြီး တစ်ချိန်ထဲတွင် ဘာတစ်ခုမှ ဖုံးကွယ်ထားခြင်းမရှိဟုလဲ ထင်ရသည်။

ကားပြင်ဆိုင်တွင် နှစ်ရက်မျှ နေခဲ့ရသည့်အတွက် ရှန်ရှင်းဟယ်၏ လက်ညိုး နှစ်ဆစ်မြောက်တွင် ပလာစတာတစ်ခု ရှိနေသည်။

ရှန်ရှင်းဟယ်က လက်ညိုးမှ ပလာစတာကို လက်နှင့် ပွတ်သပ်ရင်း ပြန်ဖြေ၏။
" ကျောင်းက အတန်းတွေက ပျင်းဖို့ကောင်းလို့"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now