Chapter 111- ထုတ်လွှင့်ခြင်း

1.2K 285 11
                                    

Unicode

ဖုန်းတစ်ဖက်မှ ရှဲ့လင်မှာ နှစ်စက္ကန့်မျှ နှုတ်ဆိတ်နေပြီးမှ ထပ်ပြော၏။
" အဲ့ဒီ့လူက ယောက်ျားလေး.. ယွိလန် မှတ်စုထဲက 'သူ' ဆိုတဲ့လူ"

ကျိမင်ရွေ့ အံ့အားသင့်သွား၏။

လမ်းပေါ်တွင် ကားများတစ်စီးပြီးတစ်စီး သွားနေသောကြောင့် ကားကို လမ်းဘေးအဆုံးထိ ချရပ်လိုက်သည်။
" ခင်ဗျားတို့ ဒီလောက်မြန်မြန်ကြီး သိတယ်ပေါ့"

အခုလေးတင်ပဲ လူသတ်သမားကို ယောက်ျားလေးလား မိန်းကလေးလားဟု သူတို့ ငြင်းခုံနေကြသေး၏။

ဗေဒင်သွားမေးရင်တောင် ဒီလောက်မြန်မြန်ကြီး သိရမည်မထင်။

ဒီတစ်ခါတော့ ချီချင်းက ရှဲ့လင်လက်ထဲမှ ဖုန်းယူ၍ အေးစက်စက် ပြန်ပြောသည်။
" တကယ်လို့ တစ်ဖက်လူက သူ့ကိုယ်သူ ယွိယန်ရဲ့ အကောင့်နဲ့ ပြောနေတယ်လို့ပဲ ထင်ရင် သူ ဘယ်သူပဲဖြစ်ဖြစ် ယွိလန်ကို မိန်းကလေးအနေနဲ့ချဉ်းကပ်မှာပဲ.. ဒါပေမဲ့ ယွိလန်ရဲ့ မှတ်စုတို‌တွေထဲမှာ 'သူ' လို့ပဲ သုံးထားတာ.. ယောက်ျားလေးတစ်ယောက်ရဲ့ နာမ်စား"

ကျိမင်ရွေ့ ချက်ချင်းပင် နားလည်သွားခဲ့၏။

ယောက်ျားလေးများရှေ့တွင် မိန်းကလေးအနေနှင့် ဟန်ဆောင်ရသည်မှာ မခဲယဉ်းသော်လဲ မိန်းကလေးတစ်ယောက်ရှေ့တွင် ယောက်ျားလေးအဖြစ် ဟန်ဆောင်ရသည်က... အလိမ်ပေါ်ရန် လွယ်လွန်းသည်။

အထူးသဖြင့် ယွိလန်ကဲ့သို့ စကားနည်းသော မိန်းကလေးများက အတွေးလွန်တတ်၏။

တစ်ဖက်လူ၏ ပုံစံအမှန်ကို သိ၍သာ 'သူ' ဆိုသော နာမ်စားသုံး၍ ရေးခဲ့ခြင်းပင်။

" အဲ့ဒီ့ရှုထောင့်က ကြည့်မယ်‌‌ဆိုရင် ယွိလန် ဘာလို့ သူ့သူငယ်ချင်းတွေ ဒီအကြောင်း မပြောခဲ့ဘူးဆိုတာ နားလည်နိုင်တယ်"
ဆုရှောင်းလန်သည်လဲ ဘေးတွင် နားထောင်နေရင်းမှ သူ့ကိုယ်သူ ယွိလန်နေရာတွင်ထားကာ နားလည်သွားနိုင်၏။
" တစ်ဖက်လူက သူပြောနေတဲ့သူကို ယွိလန်မှန်း မသိဘူး.. သူ့ကိုယ်သူတော့ ယွိယန်နဲ့ ပြောနေတယ်ပဲ ထင်ထားတာ.. ယွိလန်က ယွိယန်ရဲ့ သူငယ်ချင်းနဲ့ ပြောနေတယ်ပဲ ထင်တာ.. ယွိယန်ကို ကြိုက်နေတဲ့ ယွိယန်ရဲ့ သူငယ်ချင်းဟောင်းက ဖွင့်ပြောဖို့ သတ္တိမွေးပြီး မိန်းကလေးအကောင့်နဲ့တောင် လာပြောရတာလို့လေ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now