Chapter 110- အကောင့်

1.2K 293 16
                                    

Unicode

စားပွဲပေါ်တွင် ယွိယန်ဖြည်လိုက်သည့် ကြယ်မှာ အပြာရောင်လေးဖြစ်သည်။ တစ်စုံတစ်ယောက်၏ လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သဖြင့် အထဲမှ လက်ရေးများပင် တွန့်ကြေနေသည်။

" ဒါ မင်းအစ်မရဲ့ လက်ရေးလား"

" ဟုတ်ပါတယ်"

" ဒီ.. ဒီကြယ်တွေကို အရင်က မြင်ဖူးလား"

" မမြင်ဖူးပါဘူး.. အထက်တန်းကျောင်းစတက်ထဲက အစ်မ အခန်းထဲ မဝင်ဖြစ်တော့တာပါ"

"..."

ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော စာရွက်ကြယ်လေးများကို ယွိယန် တစ်ခုချင်းစီလိုက်ကောက်၍ ဘူးအကြည်လေးထဲ ထည့်သည်။ အကယ်‌၍ ကြောင်လေးကသာ ထိုဘူးလေးကို ကိုက်မဆွဲခဲ့ပါက ယွိလန်ကျန်ရစ်ပစ္စည်းများကို သိမ်းဆည်းခဲ့လျှင်တောင် ထိုဘူးကို ဂရုတစိုက် အာရုံထားမိခဲ့မည်မဟုတ်။

ချီချင်းနှင့် ရှဲ့လင်တို့ အလုပ်ဆင်းရန် ပြင်ဆင်နေစဉ် ယွိယန်၏ တုန်ယင်နေသော အသံနှင့် ဖုန်းဝင်လာသည်။
" အစ်မ.. အစ်မနဲ့ ပတ်သက်တယ်လို့ ထင်ရတာ ကျွန်တော် တွေ့ထားတယ်"

ချီချင်း အခန်းထဲ ဝင်လာသည်နှင့် ကြောင်လေးမှာ သူ့ကို မှတ်မိသည့်အလား ခြေထောက်ကို ပွတ်သပ်ရန် ပြေးလာသည်။ သို့သော် အရင်ပိုင်ရှင်က သူ့ကို အာရုံပင် မစိုက်။ ဘေးတွင်ပါလာသော စိတ်ပျက်စရာ အိမ်နီးချင်း လူကြီးက ဆောင့်ကြောင့်ထိုင်ကာ သူ့ခေါင်းကို ပွတ်ပေးရန် လက်လှမ်းနေသည်။ တကယ်စိတ်ပျက်စရာကောင်းသည်က ထိုသူ၏ မျက်နှာမှ အပြုံးဖြစ်သည်။
" ဟဲလို.. ကြောင်ပေါက်လေး.. အခုတလော အဆင်ပြေရဲ့လား.. ပိန်သွားသလိုပဲ"

ယွိလန်သေဆုံးပြီးနောက်ပိုင်း သူ့ကို ဘယ်သူမှ အာရုံသိပ်မစိုက်နိုင်၍ ကြယ်လေးလဲ ရှဲ့လင်အနားတိုးသည်ကို စိတ်မတိုတော့။

ကြယ်လေးက ရှဲ့လင်ကို တစ်ချက်ကြည့်ကာ ကောင်းကောင်းပြန်ပြောသည်။
" မြောင်..."

ထို့နောက်တွင်တော့ ရှဲ့လင်က ကြယ်လေးကို ချီကာ ချီချင်းခြေထောက်နားတွင် ကြယ်လေး၏ လက်များကို တင်လိုက်သည်။
" ပွတ်ချင်ပွတ်လိုက်.. တစ်ခါပဲရမယ်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now