Chapter 112- အတိုင်းအတာ

1.2K 289 27
                                    

Unicode

ထိုသတင်းကို ဟွားနန် တစ်မြို့လုံး အတိုင်းအတာနှင့် ထုတ်လွှင့်ခဲ့၏။

သတင်းအဆုံးတွင် အချက်အလက်ပေးပို့နိုင်သော hotline နံပါတ်ကို စာလုံးအမည်းနှင့် ရေးပြထားသည်။

ထို‌နေ့က ကျိမင်ရွေ့ အိမ်ပြန်ရောက်တော့ အိပ်မပျော်နိုင်ပဲ ကုတင်ပေါ် လူးရင်း လှိမ့်ရင်း တစ်ခုခု မှားနေသလို ခံစားနေရသည်။ သတင်းလေး လွှင့်ရုံပဲဆိုရင် တစ်နေ့လုံး အချိန်ဖြုန်းစရာ လိုလို့လား...

ကိစ္စက ဒီလောက်မရိုးရှင်းမှန်း သူ ခံစားမိသည်။

နာရီဝက်ခန့်အတွင်း ပြီး‌နိုင်သော သတင်းကြေညာမှုကို လူနှစ်ယောက် နေ့တစ်ဝက်ကြာစရာမရှိ။

သူ တွေးရင်း တွေးရင်း ကုတင်ဘေး စားပွဲပေါ်မှ ဖုန်းကို ကောက်ကိုင်ကာ ချီချင်းထံ စာပို့သည်။
- မင်းတို့နှစ်ယောက် နေ့ခင်းဘက် အလုပ်ချိန်ကြီး ချိန်း‌‌‌တွေ့နေကြတာမဟုတ်လား...

ရှဲ့လင်နှင့်ချီချင်းတို့မှာ နေ့ခင်းဘက်တွင်တော့ အတွဲများကဲ့သို့ ချိန်းတွေ့ကြသည်မဟုတ်။ သို့သော် ကျိမင်ရွေ့စာပို့သည့်အချိန်မှာ အတော်လေးနောက်ကျနေပြီဖြစ်၍ အတွဲများသာ လုပ်နိုင်သည့်အရာများ လုပ်နေကြချိန်ဖြစ်သည်။

လောလောလတ်လတ် သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးထားသော ရန်ချင်းမှာ စိတ်အခြေအနေမကောင်းသည့်အတွက် ချီချင်းလဲ ကြောင်ပိုင်ရှင်နောက်တစ်ယောက် ထပ်ရှာပေးရန် ‌မပြောရသေး။ ဤသို့ဖြင့် ကြောင်လေးမှာ ချီချင်းအိမ်တွင် သောင်တင်နေသလို ရှဲ့လင်ကလဲ အစာကျွေးရန် တာဝန်ပြန်ယူရသည်။

ရှဲ့လင်က ကြောင်လေးကို ပြုံးပြရင်း ကြောင်စာထည့်ပေးသည်။ ကြောင်လေးက ရေချိုးခန်းထဲမှ ထွက်လာသော ကြောင်ပိုင်ရှင်နှင့် ဆိုဖာပေါ်တွင် ထိုသူ့ကိုစောင့်၍ ဆံပင်လေမှုတ်ပေးရန် စောင့်နေသော စိတ်ပျက်စရာ အိမ်နီးချင်းကို လိုက်ကြည့်နေသည်။

ပထမတော့ ရှဲ့လင်က ချီချင်းဆံပင်ကို သေသေချာချာ အခြောက်ခံလေမှုတ်ပေး၏။ ဆံပင်များကြားထဲ လက်ချောင်းများထိုးထည့်ကာ အလေးအနက် ကြိုးစားသည်။ သို့သော် တဖြည်းဖြည်း ရှေ့တိုးလာသည်နှင့်အမျှ တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရ၏။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now