Chapter 119- ဖွင့်ဟ ဝန်ခံချက်

1.1K 304 18
                                    

Unicode

" တီ...."

ထိုအသံက လူတိုင်း၏နားကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

စားပွဲပေါ်မှ ဖိုင်တွဲတွင် ယွိလန်ပုံပါသော စာမျက်နှာ ပွင့်လျက်သား ရှိနေ၏။

မသေဆုံးခင်က သုံးခဲ့သော WeChat အကောင့်မှာ မောင်လေးဖြစ်သူ ယွိယန်၏ အရင်အကောင့်လဲ ဖြစ်ခဲ့သေးသည်။

ရှန်ရှင်းဟယ် တကယ်ပင် တခဏမျှ ကြောင်အသွားခဲ့၏။ ရင်းနှီးနေခဲ့သော WeChat အကောင့်နာမည်ကို စိုက်ကြည့်ရင်း g အနောက်မှ ဂဏန်းများကို ဝေ‌ဝါးဝါးသာ မြင်ရတော့သည်။ ထိုအကောင့်ကို အတော်ကြာသည်အထိ ဝေဝါးဝါးပုံရိပ်နှင့် စိုက်ကြည့်နေကာ မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် ဝေဝါးမှုလဲ ‌ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

သံသယတရားခံတစ်ယောက်ကို စစ်မေးရခြင်းက အရာမရှိသော ကမာကောင်ကို အခွံခွာရန် ကြိုးစား‌သည်နှင့် အလားသဏ္ဍာန်တူသည်။

ဟရာလေးတစ်ခုတွေ့သည်နှင့် ရဲအရာရှိလဲ အလွတ်မပေးနိုင်ပဲ အမိအရ ဆွဲထားရ၏။

မှုခင်းရဲအရာရှိ၏ စူးရှသော မျက်လုံးတို့က အရှေ့မှ ကောင်လေးကိုသာ စိုက်ကြည့်နေသည်။
" လွန်ခဲ့တဲ့ သုံးလတုန်းက သူ အွန်လိုင်းကနေ သူငယ်ချင်းတစ်ယောက် ရတယ်.. တစ်ဖက်လူက သူ့မောင်လေးကို သဘောကျနေတဲ့သူလို့ ထင်ခဲ့ပေမဲ့ နောက်ပိုင်းကျတော့ စကားလာပြောတဲ့သူကို ယောက်ျားလေးမှန်း သိသွားတယ်.. တစ်ဖက်လူ ရှက်သွားမှာစိုးလို့ သူ့ကိုယ်သူ သူ့မောင်လေးဟန်ဆောင်ပြီး စကားဆက်ပြောခဲ့တာ.. သူ့ကို မင်း တကယ် မသိတာ ဟုတ်လို့လား"

ရှန်ရှင်းဟယ် စကားပြောရန် ကြိုးစားနေသည်။
" ကျွန်တော်...."

စကားပင် မစရသေး။ ထိုအချိန်တွင် ကွန်ပျူတာပေါ်မှ မျဉ်းကြောင်းများ နောက်တစ်ကြိမ် ရှုပ်ထွေးလာပြန်သည်။ ခဏသာ ကြာလိုက်သည်။ ရှုပ်ထွေးနေသော အစိမ်းရောင် မျဉ်းများအားလုံး အနှီရောင်သို့ ပြောင်းလာခဲ့၏။ နှလုံးခုန်နှုန်းသာမဟုတ် အသက်ရှူနှုန်း သွေးဖိအား အားလုံး ထိန်းမရတော့သည့်အခြေအနေသို့ ရောက်လာခဲ့သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now