Chapter 115- အစ်ကို

1.1K 299 8
                                    

Unicode

ချီချင်း၏ နားထဲတွင် သန့်ရှင်းရေးအန်တီကြီး၏ ဒေသိယလေသံနှင့် တရုတ်စကားသံခပ်ဝဲဝဲတို့ကသာ ပြည့်နှက်နေ၏။ CCTV စောင့်ကြည့်ခန်းထဲမှ ဆူညံသံများ မှေးမှိန်သွားသည့်အပြင် ရှဲ့လင် သူ့ကို ခေါ်နေသံကိုပင် မကြားလိုက်ရ။

သန့်ရှင်းရေးအန်တီကြီးက ကြောက်ကြောက်နှင့် ရပ်ကာ ထပ်ခါတလဲလဲ တောင်းပန်လေ၏။
" တောင်းပန်ပါတယ်ရှင်... တကယ် သတိမထားမိလိုက်လို့ပါ..  "

ထိုအန်တီကြီးက ပျာပျာသလဲ တောင်းပန်ရင်း ချီချင်း လက်ပြန်ရုတ်ရန် ကြိုးစား၏။

သို့သော် ချီချင်းက‌ မလွှတ်ပေးသည့်အပြင် ထိုအန်တီကြီး၏ လက်ကို အားနည်းနည်းထည့်၍ ကိုင်လိုက်သည်။ ထို့နောက် နက်မှောင်နေသော မျက်ဆန်လေးများနှင့် စိုက်၍ ကြည့်လေ၏။
" ခင်ဗျား တကယ်ပဲ ဘာမှမမြင်ခဲ့ဘူးလား"

"..."
သန့်ရှင်းရေး အန်တီကြီးမှာ မမြင်ပါဘူးဟု ဖြေချင်နေသည်။

သို့သော် သူမရှေ့မှ ကောင်လေး၏ မျက်ဝန်းများကို ကြည့်မိတော့ စိတ်ထဲကို ဖောက်ထွင်းအကြည့်ခံလိုက်ရသည့်အလား သူမကိုယ်သူမ မလုံမလဲ ဖြစ်လာသည်။

သူ ဘယ်လို သိသွားတာလဲ..

သူတို့ မေးတုန်းက ဘာမှပြန်မပြောပဲ ခေါင်းပဲ ငုံ့နေလို့ သူမ လျှို့ဝှက်ချက်ကို သိသွားတာလား...

အန်တီကြီး၏ ကျောပြင်တွင် ချွေးများ ပြန်စပြုလာသည်။
" မ.. မမြင်ပါဘူး.."

ထို့နောက် ဘေးမှ လက်တစ်ဖက်က နှစ်ယောက်ကြားထဲ ပေါ်လာ၏။ ရှဲ့လင်မှာ အန်တီကြီးလက်ကို ဖယ်ပေးရင်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။
" ဘာကိုမှ မမြင်ပဲနဲ့ ဘာလို့ အသံတွေ ‌တုန်နေတာလဲ အဒေါ်ရဲ့.  ခဏလောက် နေပါဦးဗျာ"

ဘေးတွင် ရပ်ကြည့်နေသော ရုပ်ရှင်ရုံမန်နေဂျာက ကူညီရန် ကြိုးစား၏။
" စိတ်လှုပ်ရှားရုံပါဗျာ.. ဒီအဒေါ်က နယ်ကနေ လာရတာ.. ဒီလိုမျိုး တစ်ခါမှ အမေးမခံရဖူးတော့‌ ကြောက်နေတာ ဖြစ်ပါလိမ့်မယ်"

သို့သော် မန်နေဂျာ၏ ကြိုးစားမှု အသုံးမဝင်ခဲ့။

ထိုကဲ့သို့ ဖောက်၍ မြင်နိုင်မှုကို ဘယ်သူမှ ခံနိုင်ရည်မရှိခဲ့သလို ထိုအန်တီကြီးသည်လဲ ချွင်းချက်မဟုတ်ခဲ့။ ထို့ကြောင့် မျက်လုံးစုံမှိတ်ကာ သိသမျှကို ထုတ်ပြောရတော့သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now