Chapter 107- ဆက်နွယ်မှု

1.2K 312 16
                                    

Unicode

" ရည်းစား??? သူ့မှာ ရည်းစားရှိတယ်လို့ တစ်ခါမှ မပြောဖူးပါဘူး"
စတိုးဆိုင်တွင် ထိုင်နေသော ခပ်ပြည့်ပြည့်မိန်းကလေးက ရဲများ ဆိုင်တံခါးကို တွန်း၍ ဝင်လာသောကြောင့် ကြောင်အနေပုံရသည်။

" ဟင့်အင်း .. ကျွန်မ သေချာတော့ မသိဘူး.. သူ့မှာ ရည်းစားရှိပါတယ်လို့ ပြောတာကို မကြားဖူးတာ"
ညနေအချိန်ရောက်ပြီဖြစ်၍ ဆိုင်ပိတ်ရန် ပြင်ဆင်နေသော ရန်ချင်းကလဲ တအံ့တဩနှင့် ပြန်ဖြေ၏။

နောက်ဆုံးဝင်လာသော အိမ်နီးချင်းနှစ်ယောက်ကို ကြည့်ရင်း သူမစိတ်ထဲ တစ်စုံတစ်ခု တွေးမိသွားသည်။
" သူ.. တစ်ခုခု ဖြစ်လို့လား"

ရန်ချင်းအတွက် ရဲစခန်းရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။ သို့သော် ရောက်ဖူးသည့် အကြိမ်တိုင်းကလဲ ကောင်းသော ‌အတွေ့အကြုံတော့ မဟုတ်ပေ။

စစ်မေးခန်းထဲရှိ သာမန်သစ်သားထိုင်ခုံတစ်ခုတွင် ထိုင်ရင်း အစစ်ခံရသည်က တစ်စုံတစ်ယောက်သေဆုံးသွားသည်ကို ရည်ညွှန်းမှန်း သူမ ကောင်းကောင်း သိနေသည်။ ထို့နောက် တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံကို လျစ်လျှူရှုရင်း သူမ ဆက်ပြော၏။
" စကားပြောတဲ့နေရာမှာ အခက်အခဲရှိတော့ လန်လန်က စကားပြောရတာ သိပ်မကြိုက်ဘူး.. အဲ့ဒီ့တော့ ကျွန်မ ဖုန်းထဲမှာ စာရိုက်ပြီး ပြောတယ်.. သူလဲ ဖုန်းထဲကနေ စာရိုက်ပြီး ပြန်ဖြေတယ်"

" သူက တော်တော်ရိုးသားတာ.. ဟွားနန်မြို့မှာ ကျွန်မ ပထမဆုံးတွေ့တဲ့ သူငယ်ချင်းကောင်းလေးပါ"

"မနေ့က တစ်ရက် သူ ခွင့်ယူတယ်.. ရုပ်ရှင်သွားကြည့်မလို့တဲ့.. အဲ့ဒီ့ရုပ်ရှင် ရုံတင်မဲ့ရက်ကို သူစောင့်နေတာ တော်တော်ကြာပြီ.. အရမ်းပျော်နေတဲ့ပုံပဲ"

ယွိလန်၏ မိတ်ဆွေအသိုင်းအဝိုင်းက နည်းပါးလှသည်။ သူငယ်ချင်းတစ်ယောက် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ‌မောင်လေးတစ်ယောက်သာ ရှိ၏။ မေးမြန်းပြီးသည့်နောက်တွင်တော့ သူမနှင့် ရုပ်ရှင်အတူ သွားကြည့်သူကို မည်သူမှ မသိကြပေ။

ထိုသူမှာ လျှို့ဝှက်စွာနှင့်ပင် ခြေရာမှန်သမျှကို ဖျောက်ခဲ့လေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now