“ သား ဂျီယောင်း..နေကောင်းရဲ့လား..စာတွေ
ရော လိုက်နိုင်ရဲ့လား..”“ စာတွေကဘယ်ကိုထွက်ပြေးနေလို့..သားက
လိုက်ရမှာတုန်း အမေရဲ့..”“ ဟ့ဲ..ဖွတ်ကာင်လေးရဲ့..စကားကိုထော်လော်
ကန့်လန့်တွေမပြောနဲ့..နင်အတန်းတွေလစ်ပြီး
စောက်ကမြင်းကြောတွေ ထနေတုန်းပဲလား..”“ ဟာဗျာ..မလုပ်တော့ပါဘူး အမေရ..အမေ့
သား ဂျီယောင်းကလေ..အခုဆိုရင် အတန်းထဲ
မှာ..ဆရာ ဆရာမတွေကတောင် ချီးကျူးတာ ခံ
နေရတာပါနော်..”“ ဟုတ်လား..ကြားရတာတောင်မယုံနိုင်ပါဘူး
ဟယ်..နင်လိုကောင်ကို ဘယ်လို ချီးကျူးကြလို့
တုန်း..နင့်ဆရာတွေက..”“ ဂျီယောင်းက တ့ဲ..ကျောင်းကိုချစ်လွန်းလို့နေ
မှာတ့ဲ..နောက်တနှစ် ပြန်နေတော့မှာတ့ဲ..”“ ဘာ…”
ခုနှစ်သံကိုချီသွားတ့ဲ မွေးမေ့အသံကြောင့်..နား
တဖက်အူသွားရပေမယ့်..တခွိခွိနဲ့ထရယ်မိပြန်
တော့တယ်။ အနားမှာသာရှိရင်..ဒေါက်ကနဲ
နေအောင် ခေါင်းကိုအခေါက်ခံရဦးမှာ သေချာ
တယ်။ အမေက လက်မြန်တယ်လေ။“ ငနာကောင်လေး..နင် စာမေးပွဲကျကြည့်စမ်း
အိမ်ပြန်မလာနဲ့..ပလက်ဖောင်းကိုခေါင်းအုံးပြီး
အိပ်..အမွေဖြတ်မယ် နင့်ကို..”“ အမေတို့များ..ခက်လိုက်တာ..မွေးထားတ့ဲ
ဒီသားလူမမယ်လေးကို စကားကြမ်းကြီးတွေနဲ့
ပြောရက်တယ်နော်..သား အသည်းနာလှချည်
ရဲ့..အမေရယ်..”“ လဲသေလိုက်..မအေဘေးလေး..”
ဂွပ်ကနဲ ဖုန်းချသွားပေမယ့်..စာတိုလေးတော့
ပို့ဖြစ်အောင်ပို့လိုက်သေးတယ်။ဘွဲ့ရပညာတတ်ကြီးဖြစ်မှ ပြန်လာခ့ဲတ့ဲလေ..
သြော်..အမေရယ်..
ဘွဲ့ရရင် ပညာတတ်ပြီလို့ ငါ့အမေ့ကို ဘယ်သူ
ဂျင်းထည့်လိုက်သလဲ။ နောက်ဆုံးနှစ်ကို
နောက်တခါပြန်တက်ရဖို့ နှစ်ခါပြန်စဉ်းစားစရာ
မလိုတ့ဲ..ဟောဒီက ဂျီယောင်းလေးခမျာတော့
နားပူရတော့မယ်။နေဦး..နားပူတာကနောက်မှ..မုန့်ဖိုးတောင်းမို့
ဖုန်းဆက်ပါတယ်ဆို..မုန့်ဖိုးတောင် မတောင်း
လိုက်ရပဲ ဖုန်းကိုချသွားတယ်။
![](https://img.wattpad.com/cover/216283455-288-k277452.jpg)