45

177 25 5
                                    

နွေဦးရောက်ပြီမို့..လေပွေရူးတွေတိုက်တိုင်း..
သစ်ရွက်ခြောက်တွေ ဟိုတစ ဒီတစ ပြန့်ကျဲလို့
နေတယ်။ နေရောင်ခြည်နွေးနွေးရဲ့အောက်မှာ
ခဏရပ်ရင်း အမောဖြေပြီးတဲ့နောက်..ပန်းခြံရဲ့
အုတ်ခုံလမ်းလေးအတိုင်း အနောက်ဘက်ခြမ်း
တောင်မို့မို့လေးပေါ်ကို တလှမ်းချင်း..ခပ်ဖြည်း
ဖြည်း တက်လာခဲ့တော့တယ်။

လက်ထဲမှာလည်း တမြတ်တနိုးသယ်လာခဲ့တဲ့
အခက်အလက်တွေ ဝေဆာနေဆဲ..ဝယ်လာစ
တုန်းက အနေအထားလေးကနေဆက်ပြီးကြီး
ထွားမလာတဲ့ ပုဟွေ။ ဘွန်ဆိုင်းပင်တွေက ပုစိ
သေးသေးလေးတွေတဲ့။အပင်ကကြီးမလာဘူး
တဲ့လေ။ အိုးလှလှလေးတွေ ခဏခဏကွဲသွား
ဖူးပေမယ့်..ပုဟွေက အခုအချိန်ထိ သူ့ဘေးမှာ
သူနဲ့အတူရှင်သန်ပေးနေဆဲပါပဲ။

ဝါထိန်နေတဲ့သစ်ရွက်တွေနဲ့ အုပ်ဆိုင်းနေတဲ့
သစ်ပင်ကြီးအောက်က ခုံတန်းလျားလေးပေါ်
ကို ထိုင်ချလိုက်တဲ့အခါ..ဒူးက တဂျွတ်ဂျွတ်နဲ့
မြည်လာပါလေရော။ ဇရာက စကားပြောလာ
တဲ့အခါ..သူ နားမထောင်လို့လည်းမရ။

ပုဟွေကို ဘေးမှာချကာ..သူ့ဆီကို ပြေးလာတဲ့
အရွယ်စုံကလေးငယ်တွေကို လှမ်းကြည့်ရင်း
လက်ပြလိုက်တယ်။ ဒီနေ့က တနင်္ဂနွေနေ့လေ

" ဘိုးဘိုးဂျီယုံး..ပုံပြင်ပြောပြပါ.."

သစ်ပင်အောက်မှာ ဝိုင်းထိုင်လိုက်တဲ့ ကလေး
တွေကိုငုံ့ကြည့်ပြီး ခေါင်းငြိမ့်ကာ ပြုံးပြလိုက်တဲ့
အခါ..သူကိုယ်တိုင် နာမည်ပေးခဲ့တဲ့မင်ဇီလေး
က ရေခွက်ကိုကမ်းပေးရင်း..

" ဘိုးဘိုးဂျီယုံး မောနေလိမ့်မယ်..ရေကို အရင်
သောက်ထားလိုက်နော်.."

" အေးပါ..ကျေးဇူးပါပဲကွယ်.."

ရေအေးအေးက လည်ချောင်းကနေ အစာအိမ်
ထိ စီးဝင်သွားတော့..ရင်ထဲမှာ အေးကနဲပဲ။
ပုဟွေလေးဆီကို နည်းနည်းလောင်းပေးလိုက်
ရသေးတယ်။

" ဒီနေ့ ဘာပုံပြင်ပြောပြမှာလဲဟင်.."

" ဒီနေ့ ပြောပြမယ့်ပုံပြင်လေးက ရေခဲရေကန်
ထဲက ထွက်လာတဲ့ မင်းသားလေးအကြောင်း
ပေါ့.."

ဟေးကနဲအော်ပြီး လက်ခုပ်တီးတဲ့သူကတီးလို့
မျှော်လင့်ချက်တွေနဲ့ မျက်လုံးအိမ်လေးတွေက
တလက်လက်တောက်လို့..ကလေးတိုင်းလိုလို
ပုံပြင်ကြိုက်ကြတယ်လေ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now