14

177 15 0
                                    

လေးပင်နေတဲ့စိတ်တွေကိုလွတ်ချပြီး အိပ်ပျော်
အောင်အိပ်ပစ်လိုက်ချင်ပေမယ့်..သူ တကယ်
အိပ်မပျော်နိုင်ပါ။ ရှေ့ဆက်ပြီးဘာတွေဖြစ်ပျက်
လာဦးမလဲ။ သူတောင်ဘေးကနေ အဲ့လောက်
ပူပန်နေရရင်..ဆွန်းရီသာဆို ဒီအရေးကိစ္စတွေ
ကြောင့် ဘယ်လောက်တောင် စိတ်ညစ်နေခဲ့ရ
လိမ့်မလဲ။ တကယ်ပင် ရင်ထဲမှာ မွန်းကျပ်လို့
လာတယ်။ဟိုဘက်က ဂျီယုံးဘ၀ကိုတောင်ပြန်
လွမ်းလာသလိုပဲ။ ဟူး…

“ အကိုဂျီယုံး အိပ်မပျော်ဘူးလား..ကျွန်တော်
မီးအိမ်တွေငြိမ်းပေးရမလား..”

ဆွန်းရီက ခုနက အနောက်ဘက်တောင်တန်း
က ကဗျာစာအုပ်ဆိုလား..အဲ့ဒါကို ထိုင်ဖတ်နေ
တုန်း ထင်ပါရဲ့..သူ့သက်ပြင်းချသံကိုကြားသွား
ပြီး လှမ်းမေးတယ်။

“ ရပါတယ်..အလင်းရောင်ကြောင့် မဟုတ်ပါ
ဘူး..ဒီတိုင်းပါပဲ..”

သူကသာ ရပါတယ်ပြောလိုက်ပေမယ့် ဆွန်းရီ
က စာအုပ်ကိုချကာ ရေနွေးကြမ်းတခွက်ငှဲ့လာ
ပေးရင်း..

“ ဒီရေနွေးကြမ်းလေးသောက်လိုက်..စိတ်ငြိမ်
စေတယ်လေ..ကောင်းကောင်း အိပ်ပျော်သွား
လိမ့်မယ် “

တန်ဖိုးကြီးလှတဲ့ ကြွေခွက်သေးသေးလေးကို
လှမ်းယူတော့..ဆွန်းရီက သူ့ကိုပြုံးပြီးကြည့်နေ
တယ်။ အိမ်တော် သခင်လေးတယောက်က
ဘယ်ကလာလို့လာမှန်းမသိရတဲ့ အိမ်ခြေရာမဲ့
ကောင်ကို နန်းတွင်းထဲအထိခေါ်ပြီး ၀တ်ကြီး
ဝတ်ငယ်ပြုစုနေတာသာ သူ့အိမ်တော်ကသိရင်
ဘယ်လောက်တောင်ဆွေ့ဆွေ့ခုန်ပြီး အသည်း
နာလိုက်ကြမလဲ။ ဘာပဲပြောပြော..မျက်နှာက
ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်နေပြီ
ဆိုတော့ ဒီကောင်လေးတကယ်စိတ်သက်သာ
ရာ ရသွားပြီထင်တယ်။

“ ကျေးဇူးပဲ..ဆွန်းရီ “

“ ဟုတ် အကိုအိပ်တော့နော် ကျွန်တော်လည်း
အခန်းပြန်တော့မယ်..”

“ အင်း..”

ခါးသက်သက် ရေနွေးကြမ်းအရသာက သိပ်
မဆိုးရွှားလှပါဘူး။ ရေနွေးကြမ်းက တကယ်
စွမ်းတာပဲ။ စိတ်ထဲမှာ ခုနကလိုမျိုး လေးလေး
ပင်ပင်မဖြစ်တော့ပဲ..နည်းနည်း တည်ငြိမ်လာ
တယ်။ ပြီးတော့..တချိန်လုံးပဲ မွှေးအီလို့နေတဲ့
နံ့သာဖြူနံ့ ခပ်ပါးပါးလေး ကြောင့် အသက်ရှူ
လမ်းကြောင်းတလျှောက် အေးလာသလိုခံစား
လာရပြီး..နောက်တော့ အိပ်စက်ခြင်းအဖြစ်သို့

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now