34 (U)

231 18 0
                                    

Once Upon A Time
Part 34

Drama ကားတွေထဲကလိုမျိုး အပြန်လမ်းမှာ
မှောင်ရိပ်ခိုရင်း ခိုးကြည့်ရတ့ဲ ခရာညုတုအဖြစ်
တွေကို သူ မကြိုက်ပေမယ့်..ဒီကောင်လေး
ကော်ဖီဆိုင်ကို ဘေးကင်းကင်းနဲ့ပြန်ရောက်ပါ့
မလားဆိုပြီး စိတ်ထင့်နေခ့ဲလို့ ဆိုင်ထဲ၀င်သွား
အထိချောင်းကြည့်နေခ့ဲမိတ့ဲအဖြစ်က တကယ်
မယုံနိုင်စရာပဲ။

သူက ဘယ်တုန်းကမှ တခြားသူတွေအတွက်
ခေါင်းထဲမထည့်တတ်တ့ဲသူ ဖြစ်ခ့ဲတာမလား။
ပြောင်းလဲမှုဒဏ်တွေကို မခံနိုင်ပါဘူး။ သူဟာ
သူ မဟုတ်တော့သလို အခိုက်အတန့်တွေက
ယောကျာ်းတယောက်ကြောင့်ဆိုတာမျိုး ဘယ်
လိုလက်ခံရပါ့မလဲ။

အဆောင်ကိုပြန်တော့..ဘီယာတကဒ်၀ယ်ပြီး
အခန်းထဲခိုးယူလာခ့ဲတယ်။ လက်ရှိမှာ သူ့စိတ်
အခြေအနေက alcohol ကူဖို့ လိုကိုလိုအပ်နေ
ပြီ..သူ မူးမှဖြစ်တော့မှာမို့။

ခါးသက်သက်ဘီယာအရသာက သူ့နှလုံးသား
ထဲက ဖြစ်ရပ်မှန်တွေနဲ့ ထပ်ထူ အချိုးကျတယ်။
ပိုသောက်လေ ပိုခါးလေ..ပြီးတော့..ဒါတွေက
အမှန်တရားတွေပါလို့ သူလက်မခံလို့မရလေပဲ

တချို့ရင်ခုန်ခြင်းတွေက သူ့ဘ၀ကို ပြောင်းပြန်
မှောက်ခုံဖြစ်အောင် လုပ်နိုင်စွမ်းရှိမှန်းသိလိုက်
ရတ့ဲအချိန်မှာ လက်ခံလိုက်ဖို့လည်းခက်တယ်။

ငြင်းဆန်နိုင်တ့ဲအင်အား..သူ့မှာရှိမရှိ သေသေ
ချာချာလည်းမသိဘူး။ အထူးသဖြင့်..အ့ဲမျက်နှာ
နုနုလေး..အ့ဲ မျက်၀န်းတောက်တောက်လေး..
အ့ဲအပြုံးချိုချိုလေး..အ့ဲအသံလွှင်လွှင်လေး..
ပြီးတော့..သူ့ကို မီးစနဲ့ထိုးသလို နာကျင်စေတ့ဲ
အ့ဲမျက်ရည်တွေ။

ကုန်သွားတ့ဲဘီယာဗူးကို လက်နဲ့ဖျစ်ညှစ်လိုက်
တော့ ပိန့်ရှုံ့လို့သွားတယ်။အ့ဲလိုပဲ သူ့စိတ်တွေ
ကလည်း အဖျစ်ညှစ်ခံနေရပြီး တစတစနဲ့ တွန့်
ကြေနေလေရဲ့။

မကျေနပ်လိုက်ရတာ..စိတ်တိုလိုက်ရတာ..
ဒေါသထွက်လိုက်ရတာက သူလေ..ဘယ်လို
ဖြစ်လို့ သူက အရှုံးသမားလိုခံစားနေရတာလဲ။
ဆွန်းရီက သူ့ဆီကနေ ဘာတွေကိုများ အနိုင်
ပိုင်းနိုင်သွားရတာလဲ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now