17

157 16 1
                                    

ဆွန်းရီက ထဖို့ပြင်လိုက်ပေမယ်..ခြေထောက်
တွေမှာ အားမရှိသလိုပြန်ပြုတ်ကျလို့လာတယ်
ဖေးကူလိုက်တဲ့ ဂျီယုံးကို ဆို့နင့်နေတဲ့ မျက်လုံး
တွေနဲ့ ဝေ့ကြည့်လာပြီး..

“ အကိုယောင်ဘေးမရှိတော့ဘူး..ကျွန်တော်
တို့ ချွဲစစ်သူကြီးနဲ့တွေ့ဖို့ စောင့်နေတုန်းမှာပဲ..
ချွဲစစ်သူကြီးကို နန်းတွင်းဝင်ခွင့်မပေးတဲ့အပြင်
မြို့တော်ထဲကိုတောင် ခြေချခွင့်မပေးဘူးဆိုတဲ့
သတင်းရလာခဲ့တယ်..”

လတ်တလော ဖြစ်ပျက်သွားခဲ့တဲ့အဖြစ်အပျက်
တွေကို လက်မခံချင်ပေမယ့်..ဆွန်းရီခမျာ
လက်မခံလို့မရတဲ့ အခြေအနေမို့ အံကြိတ်ကာ
အသက်ကိုပြင်းပြင်းရှူလိုက်ရင်း..

“ ကျွန်တော်တို့လည်း ဘုရင့်နန်းဆောင်ဆီကို
ရောက်သွားခဲ့ကြတာပေါ့..ဘုရင်က ညီလာခံ
မတက်မချင်း ကျွန်တော့်တို့ကိုတွေ့ခွင့်မပေးဘူး
ဆိုပြီး အကြောင်းကြားလာတယ်..အဲ့ဒါ တခုခု
မူမမှန်တော့ဘူးဆိုတာ သိသိချင်းပဲ..အကို့ကို
ကာကွယ်ပေးနိုင်ဖို့အတွက်ကိုယ်ရံတော်တပ်ဖွဲ့
တွေကို အဆင်သင့်ပြင်ထားပေးခဲ့တာ..”

“ နန်းစောင့်ရဲမက်တွေက ဘာလို့ငါ့ကိုလာဖမ်း
ကြတာလဲ..ဟေးဝမ် နဲ့တွေ့ခဲ့တဲ့ အဆောင်မှာ
ရော သူတို့ကိုတွေ့ခဲ့တယ်..”


“ အကို့က ကျွန်တော်နဲ့အတူတူပါလာတဲ့လူမို့
ဘုရင်က အသစ်တင်မြှောက်ထားတဲ့မိဖုရားက
မြောက်ဘက်ပြည်နယ်ရဲ့ တော်ဝင်မျိုးဆက်တဲ့
အတွင်းရေးသတင်းတွေအရတော့..အဲ့မိဖုရား
က ကျွန်တော်တို့နန်းတွင်းမှာမရှိတုန်း အမတ်
ချုပ်တွေနဲ့ပူးပေါင်းပြီး နန်းတွင်းတခုလုံးကိုခြယ်
လှယ်နေခဲ့တယ်တဲ့လေ..ညီလာခံမှာ ကိုယ်ပိုင်
အုပ်ချုပ်ရေးပေးဖို့ ကျွန်တော် တောင်းဆိုလိုက်
တဲ့အခါ တချို့အမတ်တွေက အပြင်းအထန်ကို
ကန့်ကွက်ကြပြီး ဘုရင်ကိုယ်တိုင်ကျွန်တော့်ကို
ပုန်ကန်မယ့်အပြစ်သားလို့ စွပ်စွဲလာခဲ့တယ်..
ဟေးဝမ်ကိုလည်းကြံရာပါအဖြစ် အဆောင်မှာ
အကျယ်ချုပ်ချထားတယ်လို့ ကြားတယ်..”

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now