44 (U)

240 17 0
                                    

Once Upon A Time
Part 44

အဖြူရောင်ပန်းတွေနဲ့ အလှဆင်ထားတ့ဲ ခန်းမ
ထဲကို ဝင်တော့..စိတ်ထဲမှာ ငိုချင်သလိုလိုကြီး။
အ့ဲတေးယန်ဆိုတ့ဲလူရော..Tr မင်ဟိုရင်နဲ့ရော
သိပ်မရင်းနှီးပေမယ့် တစုံတယောက်ရဲ့မင်္ဂလာ
အခမ်းအနားကိုတက်ရတာ ဒီလို ကြည်နူးစရာ
ကောင်းမှန်းမသိခ့ဲဘူး။

ဆွန်းရီက အနက်ရောင် အနောက်တိုင်းဝတ်စုံ
ချပ်ချပ်ကပ်ကပ်လေးနဲ့ ကြည့်ကောင်းနေတော့
တယ်။ အရောင်အသွေးစုံတ့ဲဧည့်သည့်တွေကို
လိုက်ကြည့်ပြီး ငိုင်တိုင်တိုင်လေး ဖြစ်နေတာမို့
ပုခုံးချင်း အသာလေးတွန်းတိုက်လိုက်ကာ..

" ဘာတွေတွေးနေတာလဲ.."

" အကို့ကို ဒီထက်မက ခမ်းနားတ့ဲခန်းမမျိုးမှာ
မြင်ချင်တယ်..ဒီထက်မက ကြည်နူးစေချင်တာ
ဒီထက်မက လှတ့ဲသတို့သမီးလေးနဲ့လေ.."

" မင်း ငါ့ကိုတောင်းဆိုတာ အရမ်းများနေပြီ.."

တေးယန်က အဖြူရောင် အနောက်တိုင်းဝတ်စုံ
နဲ့ လျှောက်လာကာ မင်္ဂလာစင်မြင့်မှာနေရာယူ
တော့..သူတို့ကိုမြင်သွားပြီး လက်ပြနှုတ်ဆက်
တယ်။မျက်နှာကလည်း မှိုရထားတ့ဲမျက်နှာကြီး

ဟိုဘက်က တပ်မှူးခေါင်းဆောင် ယောင်ဘေး
ကိုတောင် သွားသတိရမိသေးတယ်။ အတိတ်
တွေက မနေ့တနေ့ကလိုပါပဲ။

တီးလုံးသံနဲ့အတူ အဖြူရောင်ဂါဝန်နဲ့သတို့သမီး
က တလှမ်းချင်းဝင်လာတယ်။ ချစ်စရာကောင်း
ပြီး ကျက်သရေရှိတ့ဲအေးအေးချမ်းချမ်း မျက်နှာ
လေးကမိတ်ကပ်တွေအများကြီးမလိမ်းထားလို့
ပိုတောင်လှနေသလိုပင်။

Tr က စိတ်သဘောထားကောင်းပြီး အမူအရာ
အပြောအဆိုလည်းနူးည့ံသူမို့..တေးယန်တော့
မိန်းမရကံကောင်းတယ်လို့တောင်ပြောရမယ်။
နှစ်ယောက်လုံး အတူတူယှဉ်ရပ်လိုက်တ့ဲအခါ
သူတို့မွေးလာမယ့်ကလေးလေးတွေကတော့..
တော်တော်ချောမှာလို့ တွေးလိုက်မိသေးတယ်

ဆွန်းရီရဲ့ကလေးလေးတွေဆို..မင်းသားလေး
တွေ မင်းသမီးလေးတွေဖြစ်လာကြမှာပေါ့လေ
ဟေးဝမ်ကအရမ်းလှတော့ ကလေးတွေလည်း
တော်တော်လှမှာ။ ဆွန်းရီလို မျက်လုံးတောက်
တောက်နဲ့ နှုတ်ခမ်းလှလှလေးမွေးရင် ကောင်း
မှာပဲ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now