28

155 12 0
                                    

ဂျီယုံးက ပြောပြဖို့ကို ငြင်းဆန်နေဆဲပဲ။
ဒယ်ဆောင်း ဘယ်လိုပဲ စကားနှိုက်ထုတ် နှိုက်
ထုတ်..ဆွန်းရီနဲ့ ပတ်သတ်ပြီး ဘာကိုမှထုတ်
မပြောပြခဲ့ဘူး။

တိတ်ဆိတ်ငြိမ်သက်တဲ့ ကန်ရေပြင်ရဲ့အောက်
မှာ..ကျယ်ပြန့်နက်ရှိုင်းတဲ့ အသူတရာချောက်
ကြီးရှိနေသလိုမျိုး တစုံတယောက်နဲ့ပတ်သတ်
တဲ့ စိတ်ခံစားချက်တွေအကုန်လုံးကို ထည့်မြှုပ်
ပြီး သိမ်းထားခဲ့တော့တာပေါ့။

တခါတရံ ရှုံ့ကြိုးအိတ်လေးထဲကဆံပင်စလေး
တွေ..ဆံထိုးလေးနဲ့ ကျောက်စိမ်းပြားလေးကို
ထုတ်ကြည့်မိတာကလွဲလို့ ဖြစ်ပျက်ခဲ့တဲ့ အရာ
အားလုံးကို မေ့ပစ်ဖို့ ကြိုးစားနေဆဲ ကြိုးစားနေ
မြဲပါပဲ။ သူနဲ့ဘယ်တော့မှမဆုံခဲ့..မတွေ့ခဲ့ဖူးတဲ့
ဂျီယုံးအဖြစ် ပြန်နေနိုင်ဖို့ ကြိုးစားသွားဦးမှာ။

“ မင်းစိတ်ထဲ သိမ်းထားတော့ရော..မင်း ခံစား
နေရတာတွေက သက်သာသွားမှာမို့လို့လား..
ငါ့ကိုတောင် ဖွင့်မပြောနိုင်ဘူးဆိုတော့ ဘာမို့
လို့လဲ..”

ဒယ်ဆောင်းရဲ့မေးခွန်းတိုင်းကို လျစ်လျူရှုပြီး
မကြားချင်ယောင်ဆောင်နေခဲ့ရင်း..စာသင်နှစ်
ဝက်ကုန်ဆုံးသွားပြီ။ အဆောင်ကနေ အိမ်ကို
ပြန်လာနေရတဲ့အချိန်တွေမှာ..သူ နည်းနည်း
စိတ်သက်သာရာရလာတယ် ပြောရမယ်။ သူ့
အမက ကြောင်လေးတကောင်မွေးထားတာမို့
အချိန်တော်တော်များများကအဲ့ကြောင်လေးကို
ထိန်းပေးရင်း အလုပ်ရှုပ်နေခဲ့တာဆိုတော့..ရှုံ့
ကြိုးအိတ်လေးထဲက ပစ္စည်းတွေက အပြင်ကို
အလည်ထွက်ခွင့်မရတော့ဘူးပေါ့။

သူ့မိဘတွေကတောင်..မျောက်မူးလဲကောင်
အိမ်ကပ်နေတာ ထူးဆန်းတယ်ဟေ့ဆိုပြီး ၀ိုင်း
စနေကြလေရဲ့။ အဖေက ကျောင်းပြီးသွားရင်..
ဘာတွေဆက်လုပ်မလဲလို့မေးလာတော့မှ..သူ့
အနာဂတ်အကြောင်းကို စ စဉ်းစားမိဖြစ်တော့
တယ်။ ဒီနှစ်တွေမှာ..သူတကယ်ပဲ ပေါ့တီးပေါ့
ပျက်နေလွန်းအားကြီးလို့..ဘ၀ကို ဘယ်လိုရပ်
တည်ရမလဲ..ဘာနဲ့ အသက်မွေးဝမ်းကြောင်းရ
မလဲဆိုတာမျိုးကို တခါမှ ခေါင်းထဲမထည့်ခဲ့မိရိုး
အမှန်ပါ။ အစစအရာရာ အဆင်ပြေပြီးချမ်းသာ
တဲ့ မိသားစုက အငယ်ဆုံးသားလေးမို့ သိပ်ပြီး
အလေးအနက်ထား မတွေးခဲ့တာလည်းပါမှာ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now