37 (U)

216 17 1
                                    

တနေကုန်ပင်ပန်းလာတ့ဲအရှိန်နဲ့မို့ နှစ်နှစ်ခြိုက်
ခြိုက် အိပ်ပျော်သွားတာ..မနက်ကျ ဗိုက်အဆာ
လွန်းလို့ လန့်နိုးလာတ့ဲအထိပဲ။ မနေ့က တနေ
ကုန် ဘာမှမစားရသေးဘူးလေ။ကုတင်ပေါ်က
ဆင်းတော့..ဒယ်ဆောင်းကရေချိုးခန်းထဲကနေ
ထွက်လာတယ်။သူ့မျက်နှာကိုလှမ်းမြင်သွားပြီး
အလန့်တကြားနဲ့..

“ ဂျီယုံး မင်းဘာဖြစ်ထားတာလဲ..ဘယ်သူလုပ်
လိုက်တာလဲ..ငါ့ကိုပြောစမ်း..”

“ အာ..စိတ်လျှော့ သားရီးရာ..အေးဆေးပါ..”

“ ဘာကို အေးဆေးရမှာတုန်း..ဒီလောက်စုတ်
ပြတ်သတ်ထွက်နေတာကို မင်း ဘယ်မှာ သွား
ပြီး ရန်ဖြစ်လာတာလဲ “

အရင်က ရန်အတူတူဖြစ်နေကြဆိုတော့..သူ
တယောက်တည်းဖြစ်လာတာကို ဒယ်ဆောင်း
က မကျေနပ်သလို စူပုတ်ပုတ်လုပ်နေလေပြီ။
အ့ဲကောင်ကို အချိန်တွေအကြာကြီးခင်လာရ
တာကလည်း အ့ဲဒါတွေကြောင့်ပဲ။ ဘယ်တော့
မှ သူ့ကိုထားပစ်ခ့ဲတာမျိုးမရှိဘူး။အမြဲတမ်း ဆိုး
အတူကောင်းဖက်နေလာခ့ဲပေးတာ။ ဆရာကြီး
လိုလို ဘာလိုလိုနဲ့ဆုံးမချင်..ပွစိပွစိပြောချင်ပေ
မယ့် ဒယ်ဆောင်းက သူ့အတွက်ဆိုနောက်မှာ
ချန်ပြီးနေခ့ဲမယ့်လူမျိုးမဟုတ်ဘူးဆိုတာ သေချာ
တယ်။

အခုလည်း အကြောင်းစုံကိုဖွင့်မပြောဘူးဆိုရင်
တကယ်စိတ်ဆိုးတော့မယ့်ပုံကြီး။

“ ဘာဖြစ်သွားတာလဲ..အ့ဲမျက်ခွက်က..မင်း
ယောက်ဖ ငါက အလတ်ကြီးရှိသေးတယ်..”

“ ဘယ်နှယောက်နဲ့ဖြစ်ခ့ဲလို့ ခွေးလိုနွားလို ခံ
လာရတာတုန်း..”

“ တယောက်ချင်းစီပါကွာ..အပေါ်ကနေ မိုးပြီး
အသားကုန်ပစ်ကျွေးခံလာခ့ဲရတာ..ငါ့မှာ သွား
တွေတောင်ကျွတ်ကုန်ပြီလားလို့ အောက်မေ့ရ
တယ်..”

ရယ်ချင်စိတ်ကို မနည်းအောင့်အီးကာ..မျက်နှာ
အသေနဲ့စကားပြောနေရတာ တော်တော်ခက်
တာပဲ။ သူကသာ အတွင်းကျိတ် အူမြူးနေတာ
ဟိုကောင်ကတော့ တော်တော်လေးကိုစိတ်တို
နေပြီ။ ရှူးရှူးရှားရှားနဲ့..

“ ပြန်မလုပ်ဘူးလား မင်းက..လက်တွေက နူ
နေလို့လား..”

“ ပြန်လုပ်ဖို့နေနေသာသာပါကွာ..မော်တောင်
မကြည့်ရဲခ့ဲပါဘူး..”

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now