35

150 19 0
                                    

" မင်း မနေ့ညက တော်တော်မူးသွားတယ်.."

ဒယ်ဆောင်းက ကျောင်းသွားဖို့ပြင်ဆင်နေရင်း
ဂျီယုံးကို အရိပ်အကဲခတ်နေတယ်။ သူ့စိတ်ထဲ
မှာ နောက်ဆံတင်းနေတာက..သူ သိတဲ့ ဂျီယုံး
ကဘယ်တုန်းကမှ ဒီလောက်တည်ငြိမ်နေတာ
မျိုး မရှိခဲ့ဖူးဘူး။

" အင်း..မသောက်တာကြာလို့ ထင်တယ်.."

" မနေ့ညက ပြောတာတွေကို မှတ်မိလား.."

နှုတ်ခမ်းလေးတွန့်ချိုးရုံ ပြုံးတဲ့အပြုံးရဲ့နောက်မှာ
ရှက်နေတာမျိုးမဟုတ်ပဲ..ဘာကိုမှဂရုမစိုက်ချင်
တော့ သယောင်ယောင်..သူပြောခဲ့တာတွေကို
တခွန်းမှမမေ့ပေမယ့်..ဝန်လည်းဝန်မခံချင်ဘူး။

" မူးလို့ပြောတာပဲကွာ..စိတ်ထဲမထားပါနဲ့.."

" မူးလို့ပြောတဲ့စကားမျိုးတွေ မဟုတ်လို့ပေါ့ကွ
ကိုယ်တော်လေးနဲ့ပတ်သတ်ပြီး.."

" ငါ အခုပဲ သူ့ဆီသွားမလို့.."

စကားဖြတ်ပြောပြီး အခန်းထဲကနေ ခပ်မြန်မြန်
ထွက်နိုင်ဖို့ ပြင်ဆင်နေလိုက်တယ်။

" ဘာလဲ..ဖွင့်ပြောတော့မှာလား "

" အင်း..အဲ့လိုသဘောပဲ.."

" မင်း တကယ် ဘာဖြစ်နေတာလဲ..ဂျီယုံး.."

ဒယ်ဆောင်းက သူ့လွယ်အိတ်ကြိုးကို ဆောင့်
ဆွဲလိုက်ပေမယ့်..အားမပါဘူး။ သူ့အတွက်နဲ့
ဘာတွေတွေးပြီးစိတ်ပူပေးနေမှန်းမသိပေမယ့်
စိတ်မပါပဲ နှစ်သိမ့်တာမျိုးတွေ မလုပ်တတ်တာ
သူ့အကျင့်လေ။

" ဘာဖြစ်နေလို့လဲ.."

" မင်းပုံစံက တခုခုဖြစ်နေသလိုမို့လေ.."

" ငါ ဖြစ်နေတာတွေကိုပြောတော့ရော..မင်းက
နားလည်ပေးမှာမို့လို့လား..အပေါ်ယံ ကြည့်ပြီး
ငါ တကယ်ဘာဖြစ်နေခဲ့သလဲဆိုတာ ဘယ်လို
ပဲ ပြောပြပြောပြ..မင်း တကယ်နားထောင်ပေး
ခဲ့လို့လား.."

" Why so seroius bro..အခြေအနေတွေကို
လက်ခံပေးဖို့ပြောမိတာနဲ့ မင်းက ငါ့ကိုစိတ်ဆိုး
နေပြီလား..ဘာလဲ ကိုယ်တော်လေးကြောင့်မို့
ကွေးရတာကို ရှက်နေတာလား.."

ရယ်သံတွေက နေရခက်လိုက်တာ..

သူ ဒယ်ဆောင်းရဲ့မျက်နှာကို တည့်တည့်စိုက်
ကြည့်လိုက်မိတယ်။ အရင်လို စနောက်နေကျ
မို့ ပြောတယ်ဆိုတာ သိပေမယ့်..ဒီကိစ္စကြီးက
သူ့အတွက် တုန်လှုပ်နေစေတုန်းပဲ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now