24 (U)

203 15 1
                                    


အနှီမနက်စာ၀ိုင်းက သူတို့အတွက်နောက်ဆုံး
အကြိမ် ကောင်းကောင်းမွန်မွန်ထိုင်စားခ့ဲရခြင်း
ပဲဖြစ်တယ်။ ဘာလို့လဲဆိုတော့..အ့ဲအချိန်မှာပဲ
ခြေမြန်တော်ရဲမက်ရဲ့ မြောက်ပိုင်းပြည်နယ်က
တပ်သားအလုံးအရင်းနဲ့ ကျူးကျော်လာပြီဆိုတ့ဲ
သတင်းစကားက..ချွဲစစ်သူကြီး ရှေ့မှောက်ဆီ
ရောက်လာခ့ဲတာမို့..ချွဲဆန်ဟွမ်းဟာ လက်မှာ
ကိုင်ထားတ့ဲတူတစုံကိုပစ်ချလိုက်ကာ ချက်ချင်း
ဒယ်ဆောင်းရဲ့လက်ကိုဆွဲပြီး သံချပ်ကာ၀တ်စုံ
ပြင်ဆင်ပေးဖို့အမိန့်ပေးတော့တာပေါ့။ပြီးတော့
ဆွန်းရီဘက်ကိုလှည့်ကာ..

" ဆွန်းရီ ငါတို့တွေပြင်ဆင်ထားတ့ဲစစ်ကြောင်း
အတိုင်း..အနောက်ပိုင်းသားတွေနဲ့ မဟာမိတ်
တပ်စုတွေကို ငါကိုယ်တိုင်ဦးစီးပြီး မြောက်ပိုင်း
နယ်နိမိတ်ထိထွက်တိုက်မယ်..မြို့တော်ဆီကို
အရောက်မခံဘူး..မင်းကချွဲစစ်သည်တော်တွေ
နဲ့ မြို့တော်ကိုတက်သိမ်း..နောက်လှည့်ကြည့်
စရာမလိုဘူး..မင်းအတွက် အောင်ပွဲကို ငါ ယူ
လာခ့ဲပေးမယ် ဟုတ်ပြီလား.."

" ပြီးတော့..မင်း.."

ပထမဆုံးအကြိမ်အဖြစ်..ချွဲဆန်ဟွမ်းက သူ့ကို
လေးလေးနက်နက်ကြည့်လာတယ်။ မျက်လုံး
တွေထဲမှာပြင်းထန်တ့ဲစိတ်ဓာတ်နဲ့ခ့ံညားမှုတွေ
တပြိုင်နက် တောက်ပနေပုံများ..ကြောက်စရာ
တောင်ကောင်းနေပြီ။

" ဆွန်းရီအတွက် ၀န်ထုပ်၀န်ပိုးမဖြစ်စေနဲ့..သူ
မင်းကို ကာကွယ်စောင့်ရှောက်နေရတာနဲ့တင်
ခရီးမဖင့်စေနဲ့ ငါပြောတာကြားလား.."

ဂျီယုံးခေါင်းငြိမ့်ပြလိုက်မိသလားဆိုတာတောင်
မသဲကွဲတော့ပါဘူး။ဒီလောက်အရေးကြီးနေတ့ဲ
အချိန်မှာတောင် ဘာလို့များ ချွဲဆန်ဟွမ်းက သူ့
ကို နောက်ဆံတင်းနေရတာလဲ။

" အကိုဂျီယုံး..သွားကြမယ် "

ချွဲဆန်ဟွမ်းအဆောင်၀င်းထဲကနေ ထွက်တော့
စစ်စခန်းတခုလုံးပျားပန်းခတ်အောင်အလုပ်ရှုပ်
နေကြပြီ။ လက်နက်ကိုယ်စီနဲ့..ရဲမက်တွေ စစ်
သားတွေကလည်း အပြာရောင်တောက်နေတ့ဲ
ချပ်၀တ်တန်ဆာတွေကိုယ်စီနဲ့ စစ်ပွဲဆိုတာကြီး
ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မှာပါလား။
စစ်ရေးလေ့ကျင့်တ့ဲကွင်းဆီကနေ..စစ်ချီထွက်
တော့မယ့် ဗုံသံတွေ ခရာသံတွေက စည်းချက်
ညီညီ ဟိန်းထွက်လို့နေတယ်။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now