23 (U)

200 15 0
                                    

သူတို့နေတ့ဲအဆောင်ကိုပြန်ရောက်တ့ဲအထိ..
ဆွန်းရီက သူ့ကိုစကားမပြောဘူး။ လမ်းအတူ
တူ လျှောက်လာခ့ဲကြပေမယ့် ဒီကောင်လေးရဲ့
စိတ်တွေပျံ့လွှင့်နေသလိုပဲ။

ဘာတွေများတွေးနေတာပါလိမ့် အနောက်ပိုင်း
ပြည်နယ်အတွက် စိတ်ရှုပ်နေတယ်ထင်ပါရဲ့..
ဂျီယုံး အလိုက်သတိပဲ တိတ်တိတ်လေးနေပေး
ဖို့ စဉ်းစားလိုက်ပေမယ့်..

" အကိုဒယ္ေဆာင္းနဲ့ ဘယ်ကတည်းက ခင်
ခ့ဲကြတာလဲ.."

" အမ်.."

" အကိုနဲ့အကိုဒယ်ဆောင်းတို့ နှစ်ယောက်က
ဘယ်ကတည်းကခင်ကြတ့ဲသူငယ်ချင်းတွေလဲ
လို့..အကိုတို့ကို ကြည့်ရတာ အရမ်းရင်းနှီးနေ
တ့ဲပုံပေါက်နေလို့လေ.."

" သြော်.."

ငါကတော့တိုက်ပွဲအတွက်စိတ်ရှုပ်နေရှာတယ်
ထင်နေတာ ဒင်းကစပ်စုစိန်လုပ်ချင်နေတာကိုး
မထင်ရဘူးနော်..ချွဲကိုယ်တော်လေးက သူများ
အကြောင်းကိုသိချင်နေတာတ့ဲ..အထင်ကြီးနေ
တာလေးတွေတောင် ဘယ်ဆီရောက်ကုန်မှန်း
မသိတော့ဘူး။

" ဒယ်ဆောင်းနဲ့ငါက ကျောင်းနေဘက်သူငယ်
ချင်းတွေလေ..တော်တော်လေးခင်ကြတာလို့
တော့ပြောလို့ရတယ်..သူ့ကို ငါမှမပေါင်းလည်း
ကျောင်းမှာပေါင်းမယ့်လူမှ မရှိတာ.."

" ဟုတ်လား..အကိုဒယ်ဆောင်းက ဘာဖြစ်
လို့လဲ "

" သူက ကျပ်မပြည့်ရှာဘူးကွ.."

" ကျပ်မပြည့်ဘူးဆိုတာ ဘာကိုပြောတာလဲ..
အကိုဂျီယုံး.."

ဟုတ်သားပဲ..ဒီလိုစကားတွေ ဒီကောင်လေး
ဘယ်နားလည်ပါ့မလဲ..

" ကျပ်မပြည့်ဘူးဆိုတာဦးနှောက်လူစဉ်မမှီဘူး
လို့ပြောတာ..ပြောရမယ်ဆိုရင် ယဉ်ယဉ်လေး
ရူးနေတာပေါ့ကွာ အ့ဲလိုကောင်မျိုးကိုမင်းအကို
ချွဲကိုယ်တော်ကြီးက ဘာဖြစ်လို့အဆောင်ထဲဥ
ထားသလဲဆိုတာ စဉ်းစားလို့ကိုမရဘူး "

ပြောသမျှယုံပြီး စိတ်မကောင်းတ့ဲမျက်နှာလေး
ဖြစ်သွားတ့ဲ ဆွန်းရီကိုကြည့်ရင်းနဲ့ ရယ်ချင်လာ
တယ်။ လူတိုင်းကို ဒီလိုပဲ အယုံလွယ်နေလို့ ချွဲ
ဆန်ဟွမ်းက စိတ်မချဖြစ်နေတာ မဆန်းဘူး။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now