(U)

217 17 0
                                    

ယုံကြည်အားကိုးပြီး အထင်ကြီးလေးစားခ့ဲရ
သမျှတွေဟာ..၀မ်းမြောက်၀မ်းသာ ရယ်မော
သံတွေရဲ့အောက်မှာ ကျိုးကြေလို့။ ပြီးတော့..
ရင်ထဲက နာတယ်။

ဘ၀ကြီးက..ပျော်ပျော်နေလေ နေလို့ကောင်း
လေပဲဆိုတ့ဲ စိတ်နဲ့ ကြီးပျင်းလာခ့ဲပေမယ့်..
ပထမဆုံးအကြိမ် ကိုယ့်ဘ၀ကို သိမ်နုပ်ည့ံဖျင်း
တယ်လို့ ခံယူမိတယ်။ ပြီးတော့.. ရှက်တယ်..
ဒီမျက်နှာကို ဓားနဲ့လှီးပစ်ချင်လောက်အောင်ကို
ရှက်တယ်။

မင်းကို ငါ ယုံခ့ဲတာပါ ဆွန်းရီရ..ဘာလို့လဲ..

ခံပြင်းစိတ်တွေနဲ့..သူ့မျက်နှာကိုတည့်တည့်ကြီး
ကြည့်ပြီးမေးလိုက်ချင်တယ်..ဘာဖြစ်လို့ လူကို
တချိန်လုံး ဖြူစင်သယောင် ရိုးသားသယောင်နဲ့
ဟန်ဆောင်ဆက်ဆံနိုင်ခ့ဲရတာလဲ။ ဘာဖြစ်လို့
အလိမ်အညာတွေလဲ။

ငါ..ငါ ထင်တာက..မင်းနဲ့ငါ့ကြားမှာ...

၀ုန်းကနဲ အဆောင်တံခါးကိုဆောင့်ကန်ပြီး ဖွင့်
လိုက်တ့ဲအချိန်မှာ..ကချေသည်တွေက အလန့်
တကြား လှည့်ကြည့်လာကြတယ်။ နူးနူးည့ံညံ့
တူရိယာသံတွေ ရပ်တန့်သွားတ့ဲအချိန်တခဏ
မှာ..အားလုံးရဲ့မျက်လုံးတွေက သူ့ဆီမှာ..

ဟေး၀မ်က အပြာရောင်ပိုးသား၀တ်ရုံပေါ်မှာ
ရွှေကနုတ်တွေနဲ့၀တ်ရုံကိုထပ်၀တ်ထားတယ်။
ကျစ်ဆံမြီးလေးနဲ့မဟုတ်တော့ပါပဲ..ခပ်မြင့်မြင့်
ဆံထုံးပေါ်မှာ ရှုပ်ယှက်ခတ်အောင် ဆင်ယင်
ထားတ့ဲ အဆင်တန်ဆာတွေ။ သူ့ဘေးကပ်ရပ်
မှာက နဂါး၀တ်ရုံတော်နဲ့သိပ်ကိုခ့ံညားထည်ဝါ
နေတ့ဲ ဆွန်းရီ..

ဘာလို့ မင်းမျက်လုံးတွေက ဂဏှာမငြိမ်ဖြစ်နေ
ရတာလဲ..ငါ့ကိုတည့်တည့်ကြည့်လိုက်စမ်းပါ..
ရှားရှားပါးပါး မင်း အပြုံးလေးတွေနဲ့ ငါ့ကို ကြို
ဆို နှုတ်ဆက်လိုက်စမ်းပါ..သူရဲကောင်းကြီးရဲ့။

“ ဂျီယုံး..”

ချွဲဆန်ဟွမ်းဘေးမှာထိုင်နေတ့ဲ ဒယ်ဆောင်းက
သူ့ကိုလှမ်းခေါ်တယ်။တန်ဖိုးထားပုံချင်းကကွာ
တော့.. ဒယ်ဆောင်းတောင် ဒီလိုခန်းမကြီးထဲ
မှာ ချွဲစစ်သူကြီးနဲ့ အတူတူယှဉ်ပြီး ပွဲတက်ခွင့်ရ
တာပေါ့လေ။ သူ့မှာတော့..ဓားမြှောင်တလက်
မီးတုတ်တခု စုန်းမလိုလို..နတ်၀င်သည်လိုလို
မိန်းမကြီးတယောက်နဲ့..ဗိုက်ဟောင်းလောင်းနဲ့
စိုးရိမ်တကြီး ပြေးလာခ့ဲရသေးတယ်။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now