16 (U)

193 14 0
                                    

Once Upon A Time
Part 16

ရဲမက်တွေလစ်မယ့်အချိန်ကိုစောင့်နေရင်းနဲ့ပဲ
တဖြည်းဖြည်း နေ၀င်လို့သွားပြီ။ ဂျီယုံးမှာ..
မလှမ်းမကမ်းက ချုံပုတ်ထဲမှာ ပုန်းနေရတုန်း။

ဒုက္ခပဲ..ငါဘာဆက်လုပ်ရမှာလဲ။ ဒီကောင်တွေ
က ဒီနားမှာပဲ တချိန်လုံးရပ်နေတော့မှာလား။
ဒီအတိုင်းသာဆိုရင် ငါ အဖမ်းခံရနိုင်တယ်။ဟို
ကိုယ်ရံတော်တွေကိုကျ သောက်ကြီးသောက်
ကျယ်နဲ့ စိတ်မပူဖို့ ဘာညာပြောလိုက်ရသလား
မျိုးတုံးတော့မယ့် ဂျီယုံးကောင်ရဲ့။ အခုတော့..ဒီ
ချုံပုတ်ထဲမှာပဲငတ်သေမလား ရဲမက်တွေဆီမှာ
အဖမ်းခံ..သူလျှိုလို့အစွပ်စွဲခံ ခေါင်းဖြတ်ခံလိုက်
မလား။ပုံမပျက်ပန်းမပျက် သေမလား..ရုပ်ပျက်
ဆင်းပျက် သေမလား..နှစ်မျိုးထဲက တမျိုးပဲ။

ဘ၀ကြီးက သောက်ရမ်းတွေပျော်စရာကောင်း
နေပါပြီနော်။

ဂျီယုံးတယောက် အသာလေး ငြိမ်ငြိမ် ထိုင်နေ
ရင်း ရရာအကြံကိုဖျစ်ညှစ်ထုတ်နေတော့တယ်
ညမှောင်လာရင်တော့ အထဲကို၀င်နိုင်ဖို့ အခွင့်
အရေးပိုရလာမှာပါ။ ကိုယ်ရံတော်၀င်းတခုလုံး
မှောင်မဲနေပြီး..အိမ်ရှေ့စံနန်းဆောင် ကလည်း
ထို့နည်း၄င်းပင်။ မှောင်နဲ့မဲမဲ..

ဆိုတော့..ဒီအဆောင်တွေထဲမှာ ဘယ်သူမှမရှိ
ပဲ စောင့်နေကြတာလား။ တခြားကိုယ်ရံတော်
တွေပြန်လာမှာကိုစောင့်နေကြတယ်ထင်တယ်
ဆွန်းရီရော..ဟိုယောင်ဘေးကောင်ရော ပြန်
မလာကြတာဆိုတော့ ကိုယ်ရံတော်တွေလည်း
ဒီအတိုင်းမနေရလောက်ဘူး။ လိုက်ဖမ်းခံနေရ
မှာ သေချာတယ်။ အ့ဲဒါဆို ဟေး၀မ်ကရော..

တွေးရင်း တွေးရင်း..ရင်ထဲမှာ မွန်းကျပ်လို့လာ
တော့တာပေါ့။ သူက ဟေး၀မ်ကို ကာကွယ်ပြီး
စောင့်ရှောက်ပေးချင်ပါတယ်ဆိုကာမှ..အခုလို
အဖြစ်မရှိတ့ဲ လူတယောက်ဖြစ်နေရပြီလေ။

သခင်လေးဆိုတ့ဲနာမ်စားတောင် ဆွန်းရီအနား
မှာ ကပ်နေလို့ အခေါ်ခံနေရတာလေ..အရေး
အကြောင်းဆိုရင် သူက ဘာမှမလုပ်ပေးနိုင်တ့ဲ
ဘာမဟုတ်တ့ဲကောင်သာသာပါ။ အခု ဆွန်းရီ
ဘာဖြစ်လို့ဖြစ်နေမှန်းမသိရတ့ဲအချိန်မှာ..သူ
လည်း ခွေးပြေးဝက်ပြေး ပြေးရုံပဲတတ်နိုင်တာ
ပဲ မို့လား။ ဟေးဝမ်အတွက်က အဝေးကြီးမှာ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now