22

155 14 1
                                    

တယောက်ကိုတယောက် ကြောင်အမ်းအမ်းနဲ့
ရပ်ကြည့်နေမိတာ ဘယ်လောက်တောင် ကြာ
သွားသလဲမသိတော့ဘူး။ဒယ်ဆောင်းရော သူ
ပါ..အံ့သြမှင်သက်လို့နေတယ်။

အိမ်မက်လား..တကယ်လား..ငါတို့ အခုဘယ်
မှာရောက်နေကြတာလဲဆိုတဲ့ အတွေး ကိုယ်စီ
နဲ့..ဘာစကားမှလည်း ပြောမထွက်နိုင်ဘူး။

ဒယ်ဆောင်းက သူ့လိုပဲ ရှေးခေတ်ဝတ်စုံကိုမှ
အ၀ါဖျော့ဖျော့လေး ၀တ်ထားပြီး..သူ့ကိုလည်း
ခြေဆုံးခေါင်းဆုံး Scan ဖတ်လို့နေတယ်။ ရုပ်
ချင်းတူတာဖြစ်နိုင်လား..ရုပ်ချင်းဆင်တဲ့ တခြား
တယောက်များဖြစ်နေမလား။

“ မင်း..မင်း..ဒယ်ဆောင်း..ဒယ်ဆောင်း ဟုတ်
ပါတယ်နော်..ငါ့ကို သိလား..ငါ..ဂျီယုံးလေ..”

ဂျီယုံးလို့ပြောလိုက်မှ..ပါးစပ်အဟောင်းသားနဲ့
လက်ညှိုးကြီးထိုးပြီး အသံလည်းမထွက်နိုင်ပဲ
အော်နေပုံထောက်ရင်..ဒီကောင် တကယ်ကြီး
ဒယ်ဆောင်းပဲ..ငါ့ဂွင်ပဲ..ငါ့ကိုရေကန်ထဲကန်ချ
တဲ့ မအေဘေး

ဖြောင်းကနဲ ဖြောင်းကနဲ..ပါးကို ၂ ချက်ဆင့်ပြီး
ရိုက်လိုက်ရင်း..

“ ဒယ်ဆောင်း..ဟျောင့် မင်း ငါ့ကိုမှတ်မိတယ်
မလား..”

“ မင်း..မင်း..ဂျီယုံး..တကယ် ဂျီယုံးလား..”

ကိုယ့်ပါးကိုအုပ်ကိုင်ကာ..မျက်လုံးကြီးပြူးပြီး
ပြောနေတဲ့ဒယ်ဆောင်းရဲ့မယုံသင်္ကာအသံကြီး
က သူ့ကိုအူမြူးသွားစေတယ်လေ။ သူငယ်ချင်း
အရင်းခေါက်ခေါက်ကြီးကို ပြန်တွေ့ရတဲ့ ခံစား
ချက်က ဘာပြောကောင်းမလဲ လွှတ်ပျော်သွား
တာပေါ့။

“ အေးပေါ့ဟ..မင့်ဖေကြီးလေ..”

ဂျီယုံးမှာ ၀မ်းသာအယ်လဲနဲ့ ပြေးဖက်မို့ လက်
ကိုဆန့်ကာရှိသေးတယ်။ ဖုန်းကနဲ ဆောင့်
အကန်ခံလိုက်ရပါတော့တယ်။

ချီးမှ မပျော်တော့ဘူး..မသာ..ငါ့ကိုလက်စားချေ
တာ။

“ အမျိုးတခြမ်းယုတ်ကောင်..မင်းကြောင့်မို့ ငါ
ဒီကိုရောက်လာရတာ..အကုန် မင်းကြောင့်ပဲ..
ငနာကောင် “

“ အံမာ..ရေကန်ထဲကို အရင်ကန်ချတာက
ဘယ်သူလဲ..ပြော..မင်း ကန်ချလို့ ငါ ကျသွားရ
တာလည်း ထည့်ပြောဦး..သူခိုးက လူပြန်ဟစ်
နေသေးတယ်..ဒါနဲ့ နေစမ်းပါဦး..မင်းက ဘယ်
လိုလုပ် ဒီကိုရောက်လာတာတုန်း..”

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now