10 (U)

249 15 0
                                    

“ အကိုဂျီယုံး..အ့ဲဒါဆို ကျွန်တော်နဲ့အတူ
နန်းတွင်းထဲလိုက်ခ့ဲမယ်မလား..”

“ လိုက်ရတော့မှာပေါ့ မင်းကလည်း..
ကိုယ်ရံတော်တပ်ဖွဲ့ထဲမှာ ငါတယောက်တည်း
မနေချင်ခ့ဲချင်ပါဘူး..ငါက မင်းနဲ့ပဲသိတ့ဲဟာကို
မင်းမရှိရင် ယောင်လည်လည်ကြီးဖြစ်နေမှာ..”

အမှန်တော့..ဟေး၀မ်လေးနဲ့တွေ့ချင်တာပါ။
ဟေး၀မ်လေးကလည်း..ငါ့ကိုတွေ့ချင်နေမှာ
သေချာတယ်။ သူက မိန်းကလေးဆိုတော့..ငါ့
ကိုအရင်လာတွေ့ဖို့ ရှက်ရှာမှာပေါ့။
အ့ဲဒါကြောင့်..ငါ့ဘက်ကပဲ အလိုက်တသိလေး
သွားတွေ့ပေးရမယ်။ မောင့်အိမ်ရှေ့စံလေး
အတွက်ဆိုရင် ဓားတောင်ပဲကျော်ရကျော်ရ..
မီးပင်လယ်ပဲဖြတ်ရဖြတ်ရ..ရအောင် သွားတွေ့
မယ့် ဒီကကိုယ်ရံတော်တပ်မှူးလေး..အဟေး..

ရေချိုးပြီးတော့..ဆွန်းရီက ဘယ်ကတည်းက
ယူလာမှန်းမသိတ့ဲ အ၀တ်အစားအသစ်တွေ
လာ၀တ်ပေးပြန်တယ်။ ဒီတခါတော့ စိမ်းဖန့်
ဖန့် ကိုယ်ရံတော်ရဲမက်၀တ်စုံမဟုတ်တော့ပဲ..
ကြက်သွေးရင့်ရောင် ပိုးသား၀တ်ရုံ အရှည်နဲ့
မေးသိုင်းချည်ရတ့ဲဦးထုပ်နဲ့။ မသိရင်..သူ့ပုံစံက
နန်းတွင်းအရာရှိပေါက်စလိုလို.. အိမ်တော်
သခင်လေးလိုလိုနဲ့။ ကြည့်လို့အကောင်းသား။
ဆွန်းရီကတော့.. ကြည်ပြာရောင်ပိုးသား၀တ်ရုံ
အရှည်နဲ့..ဦးထုပ်ဘေးမှာ ကျောက်ပုတီးလှလှ
လေးတွေကတွဲလွဲခိုလို့။ရာဇ၀င်ဇာတ်ကားတွေ
ထဲက တကယ့်သခင်လေးအတိုင်းပဲ။ ခါးမှာ
လည်း ပိုးကြိုးအနီနဲ့ချည်ထားတ့ဲကြည်တောက်
နေတ့ဲ ကျောက်စိမ်းပြားကို ဆွဲချည်ထားသေး
တယ်။ကျောက်မျက်ရတနာတွေနဲ့ပတ်သတ်ပြီး
သိပ်စိတ်မ၀င်စားပေမယ့်..ခန္ဓာကိုယ်ပေါ်မှာ
အလှဆင်ရတာမျိုးကိုတော့ သဘောကျသလို
လိုရှိတာမို့..ကိုင်ကြည့်လိုက်မိတော့တာပေါ့။

“ ဆွန်းရီ..မင်းရဲ့ကျောက်စိမ်းပြားအဆင်က လှ
လိုက်တာ..ကြည်လ့ဲနေတာပဲ..”

“ ကျွန်တော့်အမေက ပေးထားတာလေ..”

“ ဟုတ်လား..အယ်..ခုမှသေချာကြည့်မိတယ်
နှစ်ခုတောင်နော်..နှစ်ခုကပူးပြီးချည်ထားတော့
တခုတည်း ထင်နေတာ..”

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now