32 (U)

217 17 0
                                    

ရေပန်းကိုဖွင့်ချလိုက်ပြီးနောက် သူ ရေချိုးခန်း
ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်မိတယ်။ ရှုပ်ထွေး
နေတ့ဲစိတ်တွေကို ဒီရေအေးအေးနဲ့ ဆေးချပစ်
လိုက်လို့ရရင် ကောင်းမှာပဲ။ တကိုယ်လုံး ရွှဲစို
သွားတော့..ဟိုရေခဲရေကန်အောက်ခြေမှာ နစ်
မြှုပ်နေခ့ဲရတ့ဲအချိန်တွေကို ပြန်ပြီး သတိရသွား
တယ်။ အ့ဲတုန်းက သေမလား ရှင်မလားဆိုတ့ဲ
စိတ်နဲ့ကြောက်ခ့ဲတာရော..သေသွားရင်လည်း
ကောင်းတယ်ဆိုတ့ဲ ဒွိဟစိတ်တွေရော ဖြစ်မိခ့ဲ
တာကို ပြန်တွေးရင်း..ဆွန်းရီရဲ့မျက်နှာလေးက
အာရုံထဲပေါ်လာပြန်တော့တာပေါ့။

တကယ်ဆို..အရာအားလုံးက သူ့နေရာနဲ့သူ
သူ့အချိန်နဲ့သူ သူ့ဖြစ်တည်မှုနဲ့သူနေသားကျနေ
ပါရဲ့နဲ့ ဒီကောင်လေးဟာ ဘာတွေစောက်ရူးထ
ပြီး ဒီလိုမရေရာ မသေချာတ့ဲလမ်းကိုလိုက်လာ
ခ့ဲသလဲ..

ဒယ်ဆောင်းက အကြောင်းအရာတွေကိုပြန်ပြီး
ရှင်းပြပေးပေမယ့် သူ့စိတ်ထဲမှာအကုန်လုံးကြီး
ရှင်းလင်းမသွားဘူးဆိုတာကို သူ့ကိုယ်သူပဲသိ
တယ်။ ဆွန်းရီကို သူ ထိပ်တိုက် ရင်မဆိုင်ချင်
ဘူး။ ဟေး၀မ်နဲ့ ပတ်သတ်သမျှတွေအကုန် သူ
ပြန်သိရပေမယ်လို့..တနု့ံနုံ့ဖြစ်ကျန်ခ့ဲတ့ဲ ဒီစိတ်
အစိုင်အခဲက..အရင်တိုင်းဆိုတာထက်တောင်
ပိုကြီးမားလာသလိုပဲ။

ရှင်းပြတာနားထောင်ပေးပါဆိုတ့ဲတောင်းဆိုသံ
တွေကိုမုန်းတယ်။ဖြေရှင်းချက်တွေရှိလာမှာကို
သဘောမကျဘူး။ ဒီအတိုင်း ဆက်မုန်းသွားလို့
မရဘူးလား။ ရှုပ်ထွေးခြင်းတွေကို ဒီအတိုင်းပဲ
လုံးချေပြီး ဟိုအောက်ဆုံးမှာပဲ ဆက်သိမ်းထား
လို့ မရဘူးလား။ တကယ်ပါ..ဒီလိုပုံစံနဲ့အသား
ကျနေပြီးကာမှ..ဘာလို့ လွယ်လွယ်ကူကူကြီး
အလျှော့ပေးဖို့ကို၀ိုင်းတိုက်တွန်းနေကြတာလဲ။

သူ တကယ်စိတ်ဆိုးခ့ဲတာလေ..တကယ်ဆို
သူ့စိတ်ကို လက်ခံပေးရမှာကို။ ဘာမှမဖြစ်ခ့ဲ
သလို ပြီးဆုံးသွားစေချင်ကြတာက တကယ်
မတရားဘူး။

တရားခံကိုမုန်းသလို..ဒီမတရားမှုကြီး တခုလုံး
ကိုလည်း မုန်းတယ်။

“ ဂျီယုံးရေ..အအေးပတ်သေနေဦးမယ်ဟ..Tr
က စောင့်နေရလို့ စိတ်ဆိုးပြီး ငါတို့ကို ဘာမှ
မပြောပေးတော့ရင် မင်းကို ကီကိုက နပန်းထ
လုံးလိမ့်မယ်နော်..”

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now