42

158 18 2
                                    

အပြန်အလှန်ပို့တဲ့ message တွေ..ဖုန်း call
တွေလည်း အရင်လို ပြန်စည်ကားလာတယ်။
ဂျီယုံးရဲ့အိမ်ပြန်ချိန်တွေ အချိန်မှန်လာသလို..
စနေနေ့ညတိုင်းဟာလည်း သီးသန့်နိဗ္ဗာန်ဘုံ
လေး ဖြစ်နေဆဲပါပဲ။

မကောင်းမကန်းလက်ရာတွေကို မြိန်ရေယှက်
ရေစားတတ်တဲ့ ကောင်လေးဟာ..ဘယ်တော့
မှ မငြူစူခဲ့သလို..တိုးတက်မလာတဲ့ မီးဖိုချောင်
စကေးတွေနဲ့ ကောင်လေးဟာလည်း..ညတိုင်း
ထမင်းလက်ဆုံစားဖို့ စောင့်ပေးနေတုန်းပါပဲ။

ပြန်လာတဲ့အချိန်တိုင်း..ရှုပ်ပွနေတဲ့ မီးဖိုချောင်
နဲ့အတူ..ပူပူနွေးနွေး ထမင်းဝိုင်းက အတွဲလိုက်
နှိပ်စက်နေဆဲ။ ဒါကိုလည်း ပြီးပြည့်စုံရခြင်းလို့
ခံယူပြီး ကျေကျေနပ်နပ်ကြီး ဒုက္ခခံရှာတာပါ။

အရင်က မဝံ့မရဲဖြစ်ခဲ့တဲ့ ကောင်လေးဟာ..သူ
ချစ်တဲ့ကိုယ်တော်လေးရဲ့လက်ကို မလွတ်တမ်း
ကိုင်ရဲလာခဲ့ပေမယ့် ဘယ်လိုမှ ရှေ့ဆက်မတိုး
နိုင်တဲ့ စိတ်ဒဏ်ရာအပိုင်းအစတွေလည်း ကျန်
နေသေးတာမို့..ချစ်မြတ်နိုးရခြင်းတွေကိုသီချင်း
တွေဆိုပြရင်း..အပြင်သွားတိုင်း ဖိနပ်ကြိုးလေး
ချည်ပေးရင်း..လိုချင်တာလေးတွေဝယ်ပေးရင်း
ဖော်ပြတတ်လာတယ်။

တနေ့..ဂျီယုံးကပန်းအိုးလေးနဲ့သစ်ပင်ပုစိလေး
ဝယ်လာပြီး ဆွန်းရီကို လက်ဆောင်ပေးတယ်။

" ဒါက ဘွန်ဆိုင်းပင်တဲ့.."

" အယ်..မင်း သိတယ်လား..ဟီးဟီး..ငါက လှ
လို့ဝယ်လာတာ..ဘာအပင်မှန်းမသိဘူး.."

" ဒီအပင်က သဘာဝရယ် လူသားတွေရယ်နဲ့
စိတ်ဝိညာဉ်တွေရဲ့လိုက်ဖက်ညီမျှမှုကို ဖော်ပြ
တယ်..ပြီးတော့ ငြိမ်းချမ်းခြင်းနဲ့ဘက်ညီခြင်းကို
ကိုယ်စားပြုတဲ့အပင်လေ..ဘွန်ဆိုင်းပင်တွေကို
အနုပညာတရပ်လို့တောင် တင်စားကြတယ် "

" ဒီပုစိကောင်က အဲ့လောက်တောင်ကြီးကျယ်
ခမ်းနားတယ်လား.."

" ဘွန်ဆိုင်းပင်တွေကိုသက်ရှိလို့သဘောထား
ပြီး စကားပြောပေး..အဖော်ပြုပေးရင် ရှင်သန်
ကြီးထွားနှုန်းမြန်တယ်တဲ့..ပစ်ထားမယ်ဆိုရင်
အမြစ်တွေပုပ်ပြီး အပင်သေတတ်တယ်.."

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now