Extra (U)

451 32 5
                                    

Once Upon A Time
Extra (တောင်းဆိုထားလို့ပါ)

အစွဲအလန်းကလည်းကြီးလိုက်တာ ဂျီယုံးရာ

ဆေးသောက်ပြီး အိပ်ပျော်သွားတ့ဲ သူငယ်ချင်း
ကို ကြည့်ရင်း..ဒယ်ဆောင်း တယောက် စိတ်
ထဲကနေ မှတ်ချက်ချလိုက်မိတယ်။

သူနဲ့အကိုဆန်ဟွမ်းကမှ လက်ထပ်ထားတ့ဲသူ
တွေမို့..တယောက်အပေါ်တယောက်သစ္စာရှိရှိ
ပေါင်းသင်းသွားပါ့မယ်လို့ ကျမ်းကျိန်ထားတ့ဲသူ
တွေမို့..အခုချိန်ထိ သစ္စာမဖောက်ခ့ဲတာမှန်ပေ
မယ့်..ဂျီယုံးကဆွန်းရီအပေါ် နည်းနည်းလေးမှ
မကျူးလွန်ဖူးခ့ဲတာ သူ အသိဆုံးပါ။

တနေ့ တနေ့..ဒီဘွန်ဆိုင်းပင်ကို အဖော်ပြုပြီး
တခြားတယောက်ကိုပြောင်းမချစ်ခ့ဲတ့ဲ ဂျီယုံးကို
သနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ ဆွန်းရီရေ

ဂျီယုံး..မင်းရဲ့ကိုယ်တော်လေးက ဟိုဘက်မှာ
မဟုတ်ဘူး..မင်း ထင်သလို မနှုတ်ဆက်ပဲ ပြန်
သွားခ့ဲတာမဟုတ်ရပါဘူးကွာ..

အ့ဲနေ့က..သူတို့ထွက်သွားကြတ့ဲနေ့ကပေါ့...

.....

" ဂျီယုံး ပြန်လာနေပြီတ့ဲလား.."

" ဟုတ်..Bus ပေါ်မှာတ့ဲ.."

ဒီနေ့ သူနဲ့အကိုဆန်ဟွမ်းနဲ့ မင်္ဂလာသက်တမ်း
ရက် ၁၀၀ ပြည့်တ့ဲနေ့မို့ ၄ ယောက်သား..အိမ်
မှာ တခုခုလုပ်စားကြမယ်လို့စိတ်ကူးထားခ့ဲကြ
ပြီး..ဂျီယုံး ပြန်လာမှ လိုအပ်တာတွေ သွားဝယ်
ကြမယ်ပေါ့။

အ့ဲလိုနဲ့ ဆွန်းရီက ပုဟွေလေးနဲ့စကားပြောနေ
တုန်းမှာ..ခွမ်းကနဲ ပန်းအိုး ပြုတ်ကျသွားတယ်။

ကတုန်ကယင်ဖြစ်နေတ့ဲ ဆွန်းရီက ပုဟွေကို
ပြန်ကောက်ကာ စားပွဲပေါ်တင်လိုက်ရင်း..

" အကိုဆန်ဟွမ်း..သွားရအောင်.."

" ဆွန်းရီ..မင်း..မင်း ဘာဖြစ်တာလဲ.."

ပါးစပ်နဲ့နှာခေါင်းပေါက်ကနေ သွေးတွေ စီးကျ
နေတ့ဲ ဆွန်းရီရဲ့ပုံစံကသွေးပျက်စရာမြင်ကွင်းမို့
သူ အရမ်းလန့်သွားကာ ကြောင်ပြီး ရပ်ကြည့်
နေမိတော့တယ်။

" အကိုဆန်ဟွမ်းကိုခေါ်..သွားရတော့မှာ "

" မင်း..သွေး..တွေ.."

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now