နှုတ်ဆက်ခြင်းမရှိတဲ့ ဇာတ်သိမ်းခန်း

192 15 2
                                    

ယုံကြည်အားကိုးပြီး အထင်ကြီးလေးစားခဲ့ရ
သမျှတွေဟာ..၀မ်းမြောက်ဝမ်းသာ ရယ်မော
သံတွေရဲ့အောက်မှာ ကျိုးကြေလို့။ ပြီးတော့..
ရင်ထဲက နာတယ်။

ဘ၀ကြီးက..ပျော်ပျော်နေလေ နေလို့ကောင်း
လေပဲဆိုတဲ့ စိတ်နဲ့ ကြီးပျင်းလာခဲ့ပေမယ့်..
ပထမဆုံးအကြိမ် ကိုယ့်ဘ၀ကို သိမ်နုပ်ညံ့ဖျင်း
တယ်လို့ ခံယူမိတယ်။ ပြီးတော့.. ရှက်တယ်..
ဒီမျက်နှာကို ဓားနဲ့လှီးပစ်ချင်လောက်အောင်ကို
ရှက်တယ်။

မင်းကို ငါ ယုံခဲ့တာပါ ဆွန်းရီရ..ဘာလို့လဲ..

ခံပြင်းစိတ်တွေနဲ့..သူ့မျက်နှာကိုတည့်တည့်ကြီး
ကြည့်ပြီးမေးလိုက်ချင်တယ်..ဘာဖြစ်လို့ လူကို
တချိန်လုံး ဖြူစင်သယောင် ရိုးသားသယောင်နဲ့
ဟန်ဆောင်ဆက်ဆံနိုင်ခဲ့ရတာလဲ။ ဘာဖြစ်လို့
အလိမ်အညာတွေလဲ။

ငါ..ငါ ထင်တာက..မင်းနဲ့ငါ့ကြားမှာ...

ဝုန်းကနဲ အဆောင်တံခါးကိုဆောင့်ကန်ပြီး ဖွင့်
လိုက်တဲ့အချိန်မှာ..ကချေသည်တွေက အလန့်
တကြား လှည့်ကြည့်လာကြတယ်။ နူးနူးညံ့ညံ့
တူရိယာသံတွေ ရပ်တန့်သွားတဲ့အချိန်တခဏ
မှာ..အားလုံးရဲ့မျက်လုံးတွေက သူ့ဆီမှာ..

ဟေးဝမ်က အပြာရောင်ပိုးသားဝတ်ရုံပေါ်မှာ
ရွှေကနုတ်တွေနဲ့ဝတ်ရုံကိုထပ်ဝတ်ထားတယ်။
ကျစ်ဆံမြီးလေးနဲ့မဟုတ်တော့ပါပဲ..ခပ်မြင့်မြင့်
ဆံထုံးပေါ်မှာ ရှုပ်ယှက်ခတ်အောင် ဆင်ယင်
ထားတဲ့ အဆင်တန်ဆာတွေ။ သူ့ဘေးကပ်ရပ်
မှာက နဂါးဝတ်ရုံတော်နဲ့သိပ်ကိုခံ့ညားထည်ဝါ
နေတဲ့ ဆွန်းရီ..

ဘာလို့ မင်းမျက်လုံးတွေက ဂဏှာမငြိမ်ဖြစ်နေ
ရတာလဲ..ငါ့ကိုတည့်တည့်ကြည့်လိုက်စမ်းပါ..
ရှားရှားပါးပါး မင်း အပြုံးလေးတွေနဲ့ ငါ့ကို ကြို
ဆို နှုတ်ဆက်လိုက်စမ်းပါ..သူရဲကောင်းကြီးရဲ့။

“ ဂျီယုံး..”

ချွဲဆန်ဟွမ်းဘေးမှာထိုင်နေတဲ့ ဒယ်ဆောင်းက
သူ့ကိုလှမ်းခေါ်တယ်။တန်ဖိုးထားပုံချင်းကကွာ
တော့.. ဒယ်ဆောင်းတောင် ဒီလိုခန်းမကြီးထဲ
မှာ ချွဲစစ်သူကြီးနဲ့ အတူတူယှဉ်ပြီး ပွဲတက်ခွင့်ရ
တာပေါ့လေ။ သူ့မှာတော့..ဓားမြှောင်တလက်
မီးတုတ်တခု စုန်းမလိုလို..နတ်ဝင်သည်လိုလို
မိန်းမကြီးတယောက်နဲ့..ဗိုက်ဟောင်းလောင်းနဲ့
စိုးရိမ်တကြီး ပြေးလာခဲ့ရသေးတယ်။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now