30

149 15 15
                                    

အကိုတေးယန်က သူတို့နှစ်ယောက်ကို အနိုင်
ကျင့်တာရယ်လည်းမဟုတ်ပြန်ဘူး။ ဒီအတိုင်း
အလုပ်မရှိအလုပ်ရှာပြီး ထောင့်စေအောင် ခိုင်း
တတ်တာလေးတခုပါပဲ။ ကြမ်းတိုက်ပြီးရင် စား
ပွဲခုံတွေကိုတိုက်ခိုင်းတယ်။ မှန်တွေနဲ့ကာထား
တာဆိုတော့..မှန်တွေကိုလည်း တိုက်ရတယ်။
အကိုဆန်ဟွမ်းကြောင့် မှန်တံခါးက၂ ခါ တိတိ
ကွဲသွားပြီးတဲ့နောက်နေ့တိုင်းမတိုက်ခိုင်းတော့
ဘူး..တပတ်တခါလောက်ပဲ။

အ၀တ်အစားဝယ်ပေး..ထမင်းလည်းကျွေးပြီး
နေစရာလည်းပေးထားတာမို့..တကယ်ကျေးဇူး
တင်ချင်စရာ ကောင်းတဲ့အကိုပါ။

အကိုယောင်ဘေးမဟုတ်ဘူးဆိုပေမယ့်..ဟို
ဘက်မှာသေပြီး ဒီဘက်မှာ ပြန်ဝင်စားလာတဲ့
လူလို့ပဲ..ဆွန်းရီကတော့ မဖြစ်နိုင် ဖြစ်နိုင်တာ
တွေ အသာထားလို့ ယုံကြည်မိတယ်။

ဘာလို့လဲဆိုတော့..အကိုယောင်ဘေးလိုမျိုး
စကားပြောပုံတွေ အကိုဆန်ဟွမ်းနဲ့မတည့်တာ
တွေ..သူ့ကိုညီလေးတယောက်လိုမျိုး ဆက်ဆံ
တာတွေ..အပေါက်ဆိုးတယ်လို့ ထင်ရပေမယ့်
စိတ်သဘောထားကောင်းတာတွေ အကုန်လုံး
က အကိုတေးယန်ဆီမှာ အပိုအလိုမရှိပြန်မြင်
နေရတယ်လေ။

ပြီးတော့..ဒီဘက်ခေတ်ရဲ့ နည်းပညာတွေနဲ့
အသုံးအနှုန်းတွေကိုလည်း အချိန်ရှိရင် ရှိသလို
သင်ပေးတယ်။အကိုဆန်းဟွမ်နဲ့ ဘုနဲ့ဘောက်
ဖြစ်နေပေမယ့်..သူနဲ့တော့အဆင်ပြေတယ်။

" ချွဲဆန်ဟွမ်း..ကိတ်မုန့်ဖုတ်နည်း သင်ပါ့လား
ဆွန်းရီတောင် လုပ်တတ်နေပြီကို.."

" ဝါသနာမပါဘူး.."

" အဲ့ဒါဆို ခင်ဗျား ဘာဝါသနာပါလဲ.."

" ကိတ်မုန့်စားရတာ.."

" ခင်ဗျားဂျီးတော်ကြီးကိုပဲ ထိုင်စားနေလိုက် "

ရုပ်တည်ကြီးနဲ့ ဒီလူ့ကို တေးယန် နည်းနည်းမှ
ကြည့်မရဘူး။ အခုလည်း ကြည့်ဦး..ဟွင့် ကနဲ
နှာမှုတ်ပြီး သူ့ရှေ့မှာ ဖင်ကုန်းပြနေတာ။

" ခင်ဗျား..အဲ့ဒါ ဘာလုပ်နေတာလဲ.."

နှာခေါင်းထဲကိုလည်း ညှီစို့စို့အနံ့ကြီးဝင်လာလို့
အသက်ရှူတောင်အောင့်လိုက်ရတယ်။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now