38

156 20 1
                                    

ကျွတ်စ်..ဒီကောင်လေးကတော့ လူကိုနာကျင်
အောင် အမြဲလုပ်နေတော့တာပါလား။

ဘယ်လိုပြောရမလဲ။ တာဝေးပြေးလာတဲ့လူကို
ပန်းဝင်ခါနီးမှ ရင်ဝဆောင့်ကန်ခံလိုက်သလိုပဲ။
အမောဆို့ပြီး သေနိုင်တယ်ဆိုတာ သိရဲ့လား။

သို့ပေမယ့်လည်း..အပြစ်စကားတခွန်းမှ မဆို
ရက်စွာ..ငေးကြည့်နေရုံသာ တတ်နိုင်ပါတော့
တယ်။ စိတ်ဆိုးတယ်။ မပြောရက်ဘူး။ ဒေါသ
ထွက်ပေမယ့်..ကိုင်ထားတဲ့ လက်ချောင်းလေး
တွေကြားကရုန်းမထွက်ရက်ပါဘူး။ တော်ကြာ
အခုချက်ချင်း ပျောက်ကွယ်သွားမှဖြင့်..

တိတ်ဆိတ်စွာ အော်ဟစ်ပေါက်ကွဲနေမှုကြီးကို
ဆွန်းရီကကိုင်ထားတဲ့လက်မှာ အားထည့်ကာ
ဖျစ်ညှစ်လိုက်ရင်း ငြိမ်သက်သွားစေတယ်။
လောင်မြိုက်တဲ့ စိတ်အလျဉ်တွေက..အကြည့်
တချက်နဲ့ မီးသေရပြန်တယ်။ ဒီကောင်လေး
ဟာ ဘယ်လိုယုံကြည်ချက်တွေနဲ့ သူ့ကို ကိုင်
လှုပ်နေနိုင်ရတာလဲ။

မဖြစ်ဘူး..ဒီတခါလည်း ဒင်းဆီမှာ လွယ်လွယ်
အရှုံးပေးလိုက်လို့ မဖြစ်ဘူး။

" အဲ့တော့..မင်းက ငါနဲ့လိုက်မနေနိုင်ဘူးဆိုတဲ့
သဘောလား.."

မာဆတ်ဆတ်ဖြစ်သွားတဲ့အသံက..တဖက်က
ကောင်လေးရဲ့ကျောရိုးတွေကို မတ်သွားစေပြီး
မျက်လုံးတွေကိုလည်း ရီဝေသွားစေတယ်။

အင်းလေ..ဘဝက မမျှော်လင့်တာတွေလည်း
အများကြီး ဖြစ်တတ်ကြသေးတာမဟုတ်လား။
မဖြစ်နိုင်တာတွေတောင် ကြုံခဲ့ကြပြီးပြီပဲ။ အခု
မှ ဘာလို့ စိတ်ဆင်းရဲစရာတွေဆက်ဖန်တီးနေ
ရဦးမှာလဲ။ ဒီရင်ခွင်ထဲ ရူးရူးမိုက်မိုက်နဲ့ ဝင်တိုး
ပစ်လိုက်ဖို့ အချိန်တွေမဆွဲချင်တော့ပါဘူးလေ။

" စေတနာနဲ့ကမ်းတဲ့လက်ကို ပုတ်ချလိုက်ဖို့က
တော်တော်ရိုင်းတဲ့အပြုအမူဖြစ်နေတော့လည်း
အကို့နောက်ကိုပဲ လိုက်ရတော့မှာပေါ့.."

နည်းနည်းတော့ ချဉ်သွားပြီ..ဆယ့်နှစ်မျိုးတွေနဲ့
ဂျင်းသုပ်နေလိုက်..သောက်အမျိုးမျိုး..

" မင်း လိုက်ချင်တယ်ဆိုမှပါ.."

" အကို ခေါ်မှခေါ်ပါ့မလားလို့..ကျွန်တော်က
တွေးပူနေခဲ့ရတာပါဗျာ..ဒီလောက်ကြီးမြန်သွား
မယ်လို့ မထင်ခဲ့ဘူးလေ..ကျွန်တော့်အတွက်နဲ့
အကို ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာလည်းစိုးတယ် "

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now