5

246 12 2
                                    

Once Upon A Time
Part 5

“ ဒါဆိုရင်..အိမ်ရှေ့စံလေးကို ရှင့်လက်ထဲမှာ
စိတ်ချလက်ချအပ်ခဲ့ပါရစေနော် အားကိုးပါရစေ
အိမ်ရှေ့စံလေး အန္တရာယ်တွေကြားကနေ
လွတ်မြောက်သွားပြီး..စိတ်ချရတဲ့အခြေအနေ
ရောက်သွားရင်..ရှင့်ကို အသက်ရှင်လျက်ပြန်ပို့
ပေးပါ့မယ် “

“ အမ်..ပြန်ပု ပြန်ပု..ငါက ဒီမှာပဲနေတော့မှာ..
ဟီး..အိမ်ရှေ့စံလေးကို တသက်လုံးကာကွယ်
စောင့်ရှောက်ပေးသွားမှာ..”

“ ဒီမှာပဲနေလို့မရဘူးလေ..ရှင့်ကိုဒီကိုခေါ်လာ
ပေးခဲ့ရတာကိုက..ကျွန်မအတွက် ကြီးမားတဲ့
အပြစ်ကျူးလွန်မိနေပြီ..ရှင့်ကို ဟိုဘက်ကိုပြန်ပို့
ရင်ပို့..မပို့ရင် ရှင် ဒီမှာပဲသေရလိမ့်မယ်..”

“ ဟာကွာ..မင်းကလည်း..ငါက အလိုမတူပဲနဲ့
အခေါ်လာခံရတာလေ..မင်းတို့ အိမ်ရှေ့စံကို
လည်း ကာကွယ်စောင့်ရှောက်ပေးရပြန်ဦးမယ်
အိမ်ရှေ့စံ အသက်အန္တရာယ်ကြုံတာနဲ့ ငါလေး
ပါ ရောပြီးသေသွားနိုင်တယ်လေ..သူ သေပြီး
ငါမသေပြန်ဘူးဆိုရင်လည်း..မင်းက ငါ့ကိုယဇ်
ပူဇော်ဦးမတဲ့..အဲ့လောက်တောင် ဘလိုင်းကြီး
စွန့်လွှတ်အနစ်နာခံပြီး ဟီးရိုးကြီးဝင်လုပ်ရမယ့်
ကိစ္စကွာ..မသေလို့အသက်ရှင်ကျန်ခဲ့ရင်တော့
ငါ့အတွက်လည်း ငါ ဖြစ်ချင်တဲ့ဆန္ဒဘာညာကို
တောင်းဆိုခွင့်ပေးသင့်တာပေါ့ ဟုတ်ပုလား..”

“ ကျွန်မသာ ရှင့်ဝိညာဉ်ကို ဒီဘက်ခေါ်မလာခဲ့
ရင်..ရှင် ဟိုဘက်မှာ ရေနစ်သေနေလောက်ပြီ
အသက်ရှင်လျက်ပြန်ပို့ပေးမှာကိုပဲကျေးဇူးတင်
သင့်တာကို..ဘာတွေများထပ်ပြီးတောင်းဆိုချင်
နေသေးတာလဲ..”

အံမယ်..ဒီနတ်သမီးကလည်း အကြောတော့
တင်းတယ်ဟ..ဈေးဆစ်လို့တောင်မရဘူး။

“ ဘာပဲဖြစ်ဖြစ်လေကွာ..ငါ့အတွက်တော့ ဆု
ဖြစ်ဖြစ်..ဘာဖြစ်ဖြစ် တခုခုတော့ ပေးသင့်တာ
မို့လား..ငါကကိုယ်ကျိုးစွန့်ပြီး မင်းတို့အိမ်ရှေ့စံ
ကို အရိုးကြေကြေ အရေခမ်းခမ်း ကူညီပေးဖို့
ရောက်လာပြီပဲဟာ..”

စိတ်ထဲက တဏှာရူးနေတာ သူမှမမြင်တာကို
အဲ့လိုပဲ အရှက်မရှိဘူး..ပြောပစ်မှာပဲ။

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now