7

202 11 0
                                    

ဆွန်းရီက တခုခုကိုဆက်ပြောချင်နေပေမယ့်..
ကိုယ်ရံတော်ကြီးက မျက်ထောင့်နီနဲ့စိုက်ကြည့်
နေပြီမို့..ခန်းမဆောင်ထဲကနေ ဂျီယုံးလက်ကို
ဆွဲကာ အပြေးတပိုင်းထွက်လာခဲ့လိုက်ရတော့
တယ်။ မီးဖိုဆောင်ရဲ့အနောက်ဘက်ခြမ်းမှာ..
ရေတွင်းအကြီးကြီးတခုရှိတယ်။ ဆွန်းရီက အဲ့
ရေတွင်းအထိ ဂျီယုံးကိုဆွဲခေါ်လာပြီး ရေတွင်း
ရှေ့လည်း ရောက်ရော..

“ အကိုဂျီယုံး..အဲ့အိမ်ရှေ့စံဆိုတာကလေ..”

“ ဘာလဲ..မင်း ကြိုက်နေတယ်လို့မပြောနဲ့နော်
ငါ သူ့ကိုမြင်မြင်ချင်းချစ်မိသွားတာကွ..ငါ သူ့ကို
ကာကွယ်ပေးဖို့ဆိုရင် ဘာမဆိုလုပ်ပေးမှာ..”

ဂျီယုံးရဲ့စကားတွေကြောင့်..ဆွန်းရီ ပါးစပ်ကို
ခပ်တင်းတင်းစေ့လိုက်မိတယ်။ ပြောထွက်လာ
မယ့် စကားလုံးတွေကို အတင်းတားကာ ထိန်း
ချုပ်လိုက်ရတဲ့အနေအထား..သူ့မျက်နှာပေါ်မှာ
တော့ မတင်မကျဖြစ်နေရှာတဲ့ အမူအရာတွေ..
မထူမပါးမျက်ခုံးမွှေးနက်တွေကိုတွန့်နေအောင်
ကြုတ်ထားပြီး..အဖျားလေးတွေကော့ညွှတ်နေ
တဲ့ မျက်တောင်တိုစိစိတွေကို တဖျတ်ဖျတ်ခတ်
လို့နေတယ်။ ခြုံပြောရရင်တော့..သူ ဘာဆက်
လုပ်လို့လုပ်ရမှန်းမသိလောက်အောင်ကို စိတ်
တွေ ရှုပ်သွားတဲ့ပုံစံပဲ။

ဂျီယုံးက သူ့ကို ထူးဆန်းသလို စိုက်ကြည့်နေ
တာမို့.. ခပ်တင်းတင်း ဆုပ်ကိုင်ထားတဲ့ ဂျီယုံး
ရဲ့လက်ကို လွှတ်ပေးလိုက်ပြီး ချောင်းတချက်
ဟန့်ကာ..တဖက်ကို မျက်နှာလွှဲသွားတော့တာ

ဒီကောင်လေးက ဘာလား..
တကယ်ပဲ အိမ်ရှေ့စံမလေးကို ကြိုက်နေတာ
လား မရဘူးနော်..အကြံတူရင်ရန်သူပဲ..အချစ်
နဲ့စစ်မှာမတရားတာမရှိဘူး..နပန်းပဲလုံးရလုံးရ
ဖက်ပဲကိုက်ရကိုက်ရ..လုံးဝအလျှော့မပေးနိုင်
ဘူး။ အေးပေါ့ ဒီလောက်လှတဲ့ဆန်မုန့်လေးကို
မကြိုက်တဲ့ကောင်ကလည်း ပန်းသေနေလို့ပဲ
နေမှာပါ။ ဒါနဲ့.. အိမ်ရှေ့စံမလေးရဲ့အိမ်မက်ထဲ
ကလူက ငါပါဆိုတာကို ဒီကောင်လေးကို ဖွင့်
ပြောပြလိုက်ရင်ကောင်းမလား။ရုပ်လေးသနား
ကမားလေးနဲ့ အသည်းကွဲတော့မှာ မြင်ယောင်
ပါသေးတယ်..အုဟုဟု..

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now