40

161 18 0
                                    

“ ဂျီယုံးရေ..မင်း ဖုန်းလာနေတယ်..”

အဖွဲ့ခေါင်းဆောင်က လှမ်းအော်ပြောနေတာမို့
လက်ထဲက ကိုင်ထားတဲ့ ၀တ်စုံတွေကိုပစ်ချပြီး
ဖုန်းဆီအမြန်ပြေးကိုင်လိုက်ရတယ်။ ဆွန်းရီက
ဆက်တာဆိုတော့..တခုခုများဖြစ်နေမလားဆို
ပြီး စိတ်ကလည်းပူသွားတာပေါ့။

“ ဟလို..ဆွန်းရီ..ဘာဖြစ်လို့လဲဟင်..”

“ ဘာမှမဖြစ်ပါဘူး..အကို့ကို ဒီတိုင်းသတိရလို့
အကို့အသံလေး ကြားချင်လို့ပါ..”

“ သြော်..ငါက မင်း တခုခုဖြစ်လို့ ဆက်တယ်
ထင်ပြီး လန့်သွားတာ..အဲ့ဒါဆို ပြီးမှ ပြန်ဆက်
လိုက်မယ်.. အခု အရမ်းအလုပ်ရှုပ်နေလို့..”

တဖက်ကပြန်ဖြေတာကိုတောင်နားမထောင်ပဲ
ဖုန်းကိုချပြီး ၀တ်စုံတွေမှားသွားမှာစိုးလို့ အမြန်
ပြန်ပြေးရတော့တယ်။ အခုလုပ်ဖို့ပြင်ဆင်နေရ
တဲ့ နွေဦးဖက်ရှင်ရှိုးပွဲက သူတို့ကုမ္ပဏီအတွက်
အရမ်းအရေးကြီးတဲ့ပွဲလေ။အမတို့ဒီဇိုင်နာတွေ
စိတ်ရောကိုယ်ပါနှစ်ပြီး ပြင်ဆင်ထားခဲ့ရတဲ့ပွဲမို့
နည်းနည်းလေးမှ လွဲချော်သွားလို့မဖြစ်ဘူး။

၅ မိနစ်ခြား တခါပို့တဲ့ message တွေ..
စာမပြန်ရင် ၁နာရီခြား တခါလောက် ဖုန်းခေါ်
တတ်တာတွေက..အရင်ကတော့ ဘာမှမဖြစ်
ပေမယ့်..အခုလိုမျိုး ဟပ်ထိုးလဲမတတ် အလုပ်
များနေတဲ့အချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်ရ
တာတော့ အမှန်ပဲ။ ဆွန်းရီတယောက်တော့..
ဖုန်းရပြီးကတည်းက မျောက်အုန်းသီးရသလိုပဲ
တရစပ်ကို သူ့ဆီ message ပို့လိုက်..ဖုန်းခေါ်
လိုက်နဲ့။အဲ့ကောင်လေး ဖုန်းကလိသမျှတွေကို
ဂျီယုံးမှာ နေ့တိုင်း ဒဏ်ခံနေရတယ်။

တိုက်ခန်းကိုပြန်ရောက်ရင်လည်း ရိုက်ထားတဲ့
selfie ပေါင်း သောင်းခြောက်ထောင်ကို ပြန်ပြ
ရတာကအမော။အဲ့ဖုန်းသုံးဖို့ပဲ စိတ်အားထက်
သန်ပြီး စိတ်ဝင်တစားဖြစ်နေတဲ့ ဒင်းကြောင့်မို့
ဖုန်းဝယ်ပေးလိုက်မိတာ မှားပါပြီလို့ ထိုင်အော်
ချင်လာတဲ့အထိပါပဲ။

“ အကိုဂျီယုံး..ကျွန်တော့်ဆီ ဖုန်းပြန်ဆက်လို့
ပြောပြီး ဖုန်းလည်းပြန်မဆက်ဘူး..ကျွန်တော်
က တညနေလုံးထိုင်စောင့်နေတဲ့ဟာကို..”

Once Upon A Time (Uni+Zgyi) CompletedDonde viven las historias. Descúbrelo ahora