18 (U)

216 12 0
                                    

“ အကိုဆန်ဟွမ်း..ဒီဘက်က ကျွန်တော်ပြော
ပြထားတ့ဲ အကိုဂျီယုံးလေ..အကိုဂျီယုံး..ဒါက
ချွဲစစ်သူကြီး..”

“ ဟုတ်က့ဲ တွေ့ရတာ၀မ်းသာပါတယ်..”

ဂျီယုံးက လေးစားသမှုနဲ့ သေသေချာချာ ရို့ရို့
ကျိုးကျိုးနှုတ်ဆက်လိုက်ပေမယ့် ထိုလူကတော့
အသိအမှတ်ပြုရုံလောက်သာ ခေါင်းညိမ့်ပြပြီး
ဆွန်းရီဘက်ကို လှည့်သွားကာ..

“ ယောင်ဘေးအတွက် ငါစိတ်မကောင်းဘူး ”

ညီအကိုနှစ်ယောက်လုံးရဲ့ရင်ထဲမှာတော့..
၀မ်းနည်းစိတ်တွေတော့ ရှိနေကြမယ်ထင်ပါရဲ့။
မျက်နှာပေါ်မှာ ဘာအမူအရာမှ ကျန်ရှိမနေဘူး
တမင်တကာထိန်းချုပ်ထားကြရတာနေမှာပေါ့။
ဘေးပတ်၀န်းကျင်မှာ လက်အောင်ငယ်သား
တွေနဲ့မို့လား။ခေါင်းဆောင်တွေကအစ ပူဆွေး
ပြနေလို့ ဘယ်ဖြစ်ပါ့မလဲ။

“ ကျွန်တော် အနောက်ဘက်ပြည်နယ်ကို
ချက်ချင်းသွားချင်တယ်..အကိုက ဒီဘက်ကနေ
ပြင်ဆင်ထားပေးမယ် မလား..”

“ ဆွန်းရီ..ငါတို့ဒီအစီအစဉ်ကို အရင်ကတည်း
ရေးဆွဲခ့ဲတယ်ဆိုပေမယ့်..အ့ဲအချိန်တုန်းက
အနောက်ဘက်ပြည်နယ်တော့ မပါခ့ဲဘူးလေ..
မင်း အ့ဲကိုသွားလို့ဖြစ်ပါ့မလား ငါ စိတ်မချဘူး ”
“ အကိုဂျီယုံး ပါတာပဲ..အဆင်ပြေမှာပါ..”

ငင်..အကောင်လေးရေ..ငါတောင် မင်းအရိပ်
အောက်မှာ ခိုလှုံနေရတာလေကွာ..ဘယ်လို
ဖြစ်လို့..ငါ့ကိုစူပါဟီးရိုးကြီးလိုမျိုး သဘောထား
နေရတာတုန်း။

ဂျီယုံးမှာ မအီမလည်ကြီး။ ပိုဆိုးတာက..အ့ဲ ချွဲ
စစ်သူကြီးဆိုတ့ဲလူက သူ့ကိုအထင်သေးသလို
ငုံ့ကြည့်နေတာပဲ။

“ ဖြစ်ပါ့မလား..ငါမင်းကိုမယုံတာတော့မဟုတ်
ပေမယ့်..”

“ အချိန်ထပ်ဆွဲနေလို့ မဖြစ်တော့ဘူး..အကို
ဆန်ဟွမ်း..ဟိုမိန်းမရဲ့စနက်က ဘယ်လောက်
ပြင်းတယ်ဆိုတာ ခုလက်တွေ့သက်သေပဲလေ
မကြာခင် မြောက်ပိုင်းစစ်တပ်က ကျွန်တော်တို့
ပြည်နယ်ကိုစစ်ချီလာကြလိမ့်မယ်..အကို လုပ်
ရမှာက..ဒီဘက်က သိမ်းလို့ရတ့ဲပြည်နယ်တွေ
ကို အကုန်သိမ်းထားပေးဖို့နဲ့..မဟာမိတ်အဖြစ်
သ၀ဏ်လွှာပါးပေးဖို့ပဲ..ပုလင်ပေါ်မှာငုတ်တုတ်
ထိုင်နေတ့ဲဘုရင်ထက်စာရင် ချွဲအိမ်တော်ကို ပို
အယုံကြည်ရှိကြမယ်လို့ ကျွန်တော် ထင်တယ်
အခုကျွန်တော်တို့စိတ်ပူရဖို့က အနောက်ဘက်
ပြည်နယ်က စစ်ကူ ပေး မပေးပဲ..”

Once Upon A Time (Uni+Zgyi) CompletedWhere stories live. Discover now