6 (U)

273 18 0
                                    

လိုက်ပို့တ့ဲ ကိုယ်ရံတော်ပြန်ထွက်သွားတော့..
ဂျီယုံးတယောက် ကိုယ်ရံတော်အဆောင်ထဲမှာ
ငေါင်တောင်တောင်နဲ့ ကျန်ခ့ဲတော့တာပေါ့။
ဘာလုပ်လို့လုပ်ရမှန်းလည်း မသိဘူး။

အိပ်နေတ့ဲဟာကြီးတွေကို ထိုင်ကြည့်ရအောင်
လည်း မြင်ကွင်းထဲမှာ ပို့လို့ပက်လက်တွေ..
သွားရည်တွေကစီးကျနေသေး ဇာတ်ကားတွေ
ထဲမှာဆိုရင်..ကိုယ်ရံတော်ဘာညာကြီးတွေက
ခပ်ချောချော ခပ်တောင့်တောင့်တွေလေ။ အခု
က တကယ့်သစ်လုံးကြီးတွေကျနေတာပဲ။
ကြမ်းထော်နေတာတွေချည်း။

အဆောင်ထဲနေရတာ..ကုတင်ပေါ်ကဟောက်
သံတွေကတညံညံနဲ့..ပြီးတော့ အလုံးလိုက်နဲ့
အထုပ်လိုက် ထိုးထိုးထောင်ထောင် ဒုတ်ပြခဲပြ
တွေဖြစ်နေတာမို့ ပျို့တက်မလာခင် အဆောင်
အပြင်ကို ခပ်မြန်မြန်ထွက်လိုက်ရတယ်။

ကိုယ်ရံတော်တွေနေတ့ဲအဆောင်၀င်းက..ခုန
က အိမ်ရှေ့စံရဲ့ အိမ်တော်၀င်းလောက်တော့
သိပ်မကျယ်ဘူး။ မလှမ်းမကမ်းမှာ..ထမင်းစား
ဆောင်နဲ့ ရေချိုးဆောင်ရှိတယ်။

ပုံမှန်ဆိုရင် နန်းတော်ထဲမှာ ယောကျာ်းတွေနေ
ဖို့ အဆောင်မထားကြဘူးလေ။ အရွယ်ရောက်
ယောကျာ်းလေးတိုင်း..နန်းပြင်ပမှာ ထွက်နေရ
တယ်။ ဒါက ဘယ်ခေတ် ဘယ်နန်းတွင်းမဆို
ကျင့်သုံးတ့ဲ ထုံးထမ်းအစဉ်အလာတခုဆိုတော့
အခုလည်း ဒီလိုပဲနေမယ်။

နန်းတွင်းထဲမှာက..မိန်းမတွေချည်းပဲလေ။
အပျိုတော်တွေ..ကိုယ်လုပ်တော်တွေ..မိဖုရား
တွေများတာကိုး..ယောကျာ်းသားကြီးတွေနဲ့
ဘယ်လိုလုပ်သင့်တော်ပါ့မလဲ။ ဘုရင်ကတော့
တည်ကြက်ကြီး..ပတ်ကညော့နေမှာ။ တခြား
ကြက်ဖတွေကိုေ၀းေ၀းဂျောင်းစစ်စတမ်နဲ့ထိန်း
ချုပ်ထားတယ်ဆိုပါတော့။ ရှိတ့ဲယောကျာ်းတွေ
ကလည်း ခုနကလို အထိန်းတော်တွေပဲရှိမှာ။

ဒါဆိုရင် ဒီနေရာက ဘုရင်နေတ့ဲနန်းတော်၀င်း
မဟုတ်လောက်ဘူး။ ကျန်းမာသန်စွမ်းလှတ့ဲ ဒီ
ကိုယ်ရံတော် သုံးကျိပ်လောက်ကို နန်းတွင်းထဲ
ဘယ်လိုလုပ်ပေးနေခိုင်းမှာလဲ။ အကုန်လုံး
သောက်ပြသနာတွေတက်ကုန်မှာပေါ့။ 
တော်ကြာနေ..ရှင်ဘုရင့်ရင်သွေးသားလူလေး
က ကိုယ်ရံတော်ကြီးနဲ့ခပ်ဆင်ဆင်တွေပါလား
ဆိုတာတွေဖြစ်ကုန်မှာပေါ့။

Once Upon A Time (Uni+Zgyi) CompletedWaar verhalen tot leven komen. Ontdek het nu